ဟီလာရီကလင်တန်ကို မဲဆွယ်စည်းရုံးရေး လေယာဉ်သစ် လွှဲပြောင်းပေး

A d v e r t i s e m e n t With Us

September 6, 2016

ဟီလာရီကလင်တန်ကို မဲဆွယ်စည်းရုံးရေး လေယာဉ်သစ် လွှဲပြောင်းပေး

ဒီမိုကရက်တစ်ပါတီ သမ္မတလောင်း ဟီလာရီကလင်တန်ရဲ့ မဲဆွယ်စည်းရုံးရေး လေယာဉ်သစ်ကို စက်တင်ဘာ ၅ ရက်က နယူးယောက်မြို့မှာ ဟီလာရီကို လွှဲပြောင်းပေးခဲ့ပါတယ်။ လေယာဉ်ဟာ ဘိုးရင်း ၇၃၇ မျိုးဆက်သစ်မော်ဒယ်ဖြစ်ပြီး အမေရိကန် အရှေ့ဘက်ကမ်းကနေ အနောက်ဘက်ကမ်းအထိ မရပ်မနား ပျံသန်းနိုင်ပါတယ်။ လူ ၁၀၀ လောက် လိုက်ပါနိုင်ပြီး ၀ိုင်ဖိုင်စနစ်လည်း တပ်ဆင်ထားပါတယ်။ ဟီလာရီကလင်တန်ဟာ ပြီးခဲ့တဲ့ သီတင်းပတ်တွေအတွင်း လူထုစစ်တမ်းတွေမှာ ထောက်ခံမှုတွေ ကျဆင်းလာတယ်လို့ သတင်းတွေက ဆိုပါတယ်။ သြဂုတ် ၂၆ ရက်နေ့ကနေ စက်တင်ဘာ ၁ ရက်နေ့အထိ ရိုက်တာက ကောက်ခံခဲ့တဲ့ လူထုစစ်တမ်းတွေမှာ ပြိုင်ဘက် ရီပတ်ဘလီကန် သမ္မတလောင်း ဒေါ်နယ်ထရမ့်က ထောက်ခံသူ ၄၀ ရာခိုင်နှုန်းလောက်ရှိလာပြီး ဟီလာရီကို ထောက်ခံသူကတော့ ၃၉ ရာခိုင်နှုန်းလောက် ရှိပါတယ်။ အရင်က ဟီလာရီဟာ ဒေါ်နယ်ထရမ့်ထက် ထောက်ခံသူ ၉ ရာခိုင်နှုန်းလောက် ဦးဆောင်ခဲ့တာကနေ သြဂုတ် ၂၅ ရက်နေ့ကစပြီး အပတ်စဉ်စစ်တမ်းတွေအတွင်း ထောက်ခံသူ တဖြည်းဖြည်း ကျဆင်းလာတာ ဖြစ်ပါတယ်။
4 years Ago
Up