ဟီရိုရှီးမား

August 6, 2020

 ဟီရိုရှီးမားမြို့တွင် အဏုမြူဗုံးကြဲခံရသည့် ၇၅ နှစ်ပြည့်အထိမ်းအမှတ်ပွဲကျင်းပ

ကမ္ဘာပေါ်မှာ ပထမဆုံးအဏုမြူဗုံးကြဲချခံခဲ့ရတဲ့  ၇၅ နှစ် ပြည့်အထိမ်းအမှတ် အခမ်းအနားကို ဂျပန်နိုင်ငံ ဟီရိုရှီးမားမြို့မှာ သြဂုတ်လ ၆ ရက်က   ခေါင်းလောင်းထိုးပြီး ကျင်းပ ပါတယ်။ ကိုရိုနာဗိုင်းရပ်စ်ကြောင့် အခမ်းအနားကို အကျဉ်းချုံးကျင်းပခဲ့ပြီး  ဟီရိုရှီးမားမြို့တော်ဝန်က  တကိုယ်ကောင်းဆန်တဲ့ အမျိုးသားရေးဝါဒကို  ပယ်ဖျောက်ကာ  ခြိမ်းခြောက်မှု  အားလုံးကို ညီညီ ညွတ်ညွတ် တိုက်ဖျက်ဖို့ ကမ္ဘာ့နိုင်ငံတွေကို တိုက်တွန်းပါတယ်။  လူပေါင်း ၁၄၀၀၀၀ ကျော်သေဆုံးခဲ့ရတဲ့ အဏုမြူဗုံးကြဲခံရခြင်း  ၇၅ နှစ်ပြည့် အထိမ်းအမှတ် အခမ်းအနားပြုလုပ်ဖို့ ဆုံးဖြတ်ခဲ့ပေမယ့် ကိုဗစ်-၁၉ ရောဂါကြောင့် တင်းကျပ်တဲ့ ကြိုတင်ကာကွယ်ရေး သတိပေးချက်တွေ ထုတ်ပြန်ခဲ့တယ်လို့ တာဝန်ရှိသူတွေက ပြောပါတယ်။ အခမ်းအနားကို ခါတိုင်းနှစ်တွေကလို  ဝန်ကြီးချုပ် ရှင်ဇိုအာဘေး တက်ရောက်ခဲ့ပေမယ့် နိုင်ငံခြားဧည့်သည် အရေအတွက်က နည်းပါးခဲ့ပါတယ်။  ဒါ့အပြင်  အခမ်းအနားတက် ရောက်တဲ့စုစုပေါင်း အရေအတွက်ဟာ ခါတိုင်းရဲ့ ၁၀ရာခိုင် ထက် လျော့နည်းခဲ့တယ်လို့ ရိုက်တာသတင်းမှာ ရေးပါတယ်။   ၁၉၄၅ ခုနှစ်  သြဂုတ် ၆ ရက် မနက် ၈ နာရီ ၁၅ မိနစ်အချိန်က အမေရိကန် လေတပ် B-29 စစ်လေယာဉ် အန်နိုလာဂေးဟာ  "Little Boy" လို့ နာမည်ပေးထားတဲ့ ပထမဆုံး အဏုမြူ ဗုံးကို  ကြဲချခဲ့ပါတယ်။   အဲဒီဗုံးကြောင့် ခန့်မှန်းလူဦးရေ ၃၅၀၀၀၀ ရှိတဲ့ ဟီရိုရှီးမားမြို့မှာ ၁၄၀၀၀၀  ကျော် သေဆုံးပြီး နောက်ပိုင်းမှာတော့ ရရှိ ဒဏ်ရာတွေ၊ ဓာတ်ရောင်ခြည်နဲ့ ဆက်နွှယ်တဲ့ ရောဂါတွေကြောင့်  ထောင်ချီပြီး ထပ်မံ သေဆုံးခဲ့ပါတယ်။ 
8 months Ago

August 6, 2019

နျူလက်နက်ကင်းစင်သည့် ကမ္ဘာကြီးဖြစ်ရေး ဂျပန်ဝန်ကြီးချုပ် တိုက်တွန်း

ဟီရိုရှီးမား အဏုမြူဗုံးဒဏ်သင့် နှစ်ပတ်လည် အခမ်းအနားမှာ ဂျပန်ဝန်ကြီးချုပ် ရှင်ဇိုအာဘေးက နျူလက်နက်ကင်းစင်တဲ့ ကမ္ဘာကြီးဖြစ်ရေး တိုက်တွန်းလိုက်ပါတယ်။ လွန်ခဲ့တဲ့ ၇၄ နှစ်က ဟီရိုရှီးမားမြို့ပေါ် အဏုမြူဗုံး ကြဲမှုကြောင့် သေဆုံးရသူတွေအတွက် အောက်မေ့ဖွယ် နှစ်ပတ်လည်အခမ်းအနားကို ဂျပန်နိုင်ငံမှာ ဒီကနေ့ကျင်းပပြီး ဝန်ကြီးချုပ် ရှင်ဇိုအာဘေး တက်ရောက်ခဲ့ပါတယ်။ နှစ်ပတ်လည်အခမ်းအနားမှာ ခေါင်းလောင်းတွေထိုးပြီး တက်ရောက်လာသူ ၅ သောင်းခန့်ဟာ အဏုမြူဗုံးကြဲမှုကြောင့် သေဆုံးသူတွေကို ဂါရဝပြုခဲ့ပါတယ်။ အဲဒီနောက် အဏုမြူဗုံးကြဲချိန် ၈ နာရီ ၁၅ မိနစ်တိတိမှာ အားလုံးငြိမ်သက်ပြီး ဂါရဝပြုခဲ့ပါတယ်။ သေဆုံးသူတွေကို ပန်းခွေချ ဂါရဝပြုပြီးနောက်မှာတော့ ဝန်ကြီးချုပ် ရှင်ဇိုအာဘေးက စစ်အတွင်း နျူကလီးယားဗုံးကြောင့် အပျက်အစီး ကြုံတွေ့ရတဲ့ တခုတည်းသော ကမ္ဘာ့နိုင်ငံအနေနဲ့ ဂျပန်ဟာ နျူလက်နက်ကင်းစင်တဲ့ ကမ္ဘာဖြစ်ရေး ဇွဲသန်သန် ကြိုးပမ်းဖို့ လိုအပ်တယ်လို့ ပြောပါတယ်။ ဒါဟာ ဂျပန်နိုင်ငံရဲ့ တခုတည်းသော မစ်ရှင်ဖြစ်ပြီး ခေတ်သစ်မှာလည်း ဒီမစ်ရှင်ဟာ ပြောင်းလဲမှာ မဟုတ်ဘူးလို့ ဝန်ကြီးချုပ် အာဘေးက ပြောကြားခဲ့ပါတယ်။ ၁၉၄၅ ခုနှစ် သြဂုတ် ၆ ရက်နေ့က အမေရိကန် လေတပ်ကနေ ဂျပန်နိုင်ငံ ဟီရိုရှီးမားမြို့ပေါ် အဏုမြူဗုံး ကြဲချခဲ့ပါတယ်။ အဲဒီလို ကြဲမှုကြောင့် လူပေါင်း ထောင်ချီ ချက်ချင်းသေဆုံးပြီး အဲဒီနှစ်ကုန်ပိုင်းမှာ သေဆုံးသူ ၁၄၀,၀၀၀ ရှိတယ်လို့ ရိုက်တာသတင်းအရ သိရပါတယ်။
Zawgyi Version ႏ်ဴလက္နက္ကင္းစင္သည့္ ကမာၻႀကီးျဖစ္ေရး ဂ်ပန္ဝန္ႀကီးခ်ဳပ္ တိုက္တြန္း DVB ဟီ႐ိုရွီးမား အဏုျမဴဗံုးဒဏ္သင့္ ႏွစ္ပတ္လည္ အခမ္းအနားမွာ ဂ်ပန္ဝန္ႀကီးခ်ဳပ္ ရွင္ဇိုအာေဘးက ႏ်ဴလက္နက္ကင္းစင္တဲ့ ကမာၻႀကီးျဖစ္ေရး တိုက္တြန္းလိုက္ပါတယ္။ လြန္ခဲ့တဲ့ ၇၄ ႏွစ္က ဟီ႐ိုရီွီးမားၿမိဳ႕ေပၚ အဏုျမဴဗံုး ႀကဲမႈေၾကာင့္ ေသဆံုးရသူေတြအတြက္ ေအာက္ေမ့ဖြယ္ ႏွစ္ပတ္လည္အခမး္အနားကို ဂ်ပန္ႏိုင္ငံမွာ ဒီကေန႔က်င္းပၿပီး ဝန္ႀကီးခ်ဳပ္ ရွင္ဇိုအာေဘး တက္ေရာက္ခဲ့ပါတယ္။ ႏွစ္ပတ္လည္အခမး္အနားမွာ ေခါင္းေလာင္းေတြထိုးၿပီး တက္ေရာက္လာသူ ၅ ေသာင္းခန္႔ဟာ အဏုျမဴဗံုးႀကဲမႈေၾကာင့္ ေသဆံုးသူေတြကို ဂါရဝျပဳခဲ့ပါတယ္။ အဲဒီေနာက္ အဏုျမဴဗံုးႀကဲခ်ိန္ ၈ နာရီ ၁၅ မိနစ္တိတိမွာ အားလံုးၿငိမ္သက္ၿပီး ဂါရဝျပဳခဲ့ပါတယ္။ ေသဆံုးသူေတြကို ပန္းေခြခ် ဂါရဝျပဳၿပီးေနာက္မွာေတာ့ ဝန္ႀကီးခ်ဳပ္ ရွင္ဇိုအာေဘးက စစ္အတြင္း ႏ်ဴကလီးယားဗံုးေၾကာင့္ အပ်က္အစီး ႀကံဳေတြ႔ရတဲ့ တခုတည္းေသာ ကမာၻ႔ႏိုင္ငံအေနနဲ႔ ဂ်ပန္ဟာ ႏ်ဴလက္နက္ကင္းစင္တဲ့ ကမာၻျဖစ္ေရး ဇြဲသန္သန္ ႀကိဳးပမ္းဖို႔ လိုအပ္တယ္လို႔ ေျပာပါတယ္။ ဒါဟာ ဂ်ပန္ႏိုင္ငံရဲ႕ တခုတည္းေသာ မစ္ရွင္ျဖစ္ၿပီး ေခတ္သစ္မွာလည္း ဒီမစ္ရွင္ဟာ ေျပာင္းလဲမွာ မဟုတ္ဘူးလို႔ ဝန္ႀကီးခ်ဳပ္ အာေဘးက ေျပာၾကားခဲ့ပါတယ္။ ၁၉၄၅ ခုႏွစ္ ၾသဂုတ္ ၆ ရက္ေန႔က အေမရိကန္ ေလတပ္ကေန ဂ်ပန္ႏိုင္ငံ ဟီ႐ိုရွီးမားၿမိဳ႕ေပၚ အဏုျမဴဗံုး ႀကဲခ်ခဲ့ပါတယ္။ အဲဒီလို ႀကဲမႈေၾကာင့္ လူေပါင္း ေထာင္ခ်ိီ ခ်က္ခ်င္းေသဆံုးၿပီး အဲဒီႏွစ္ကုန္ပိုင္းမွာ ေသဆံုးသူ ၁၄၀,၀၀၀ ရွိတယ္လို႔ ႐ိုက္တာသတင္းအရ သိရပါတယ္။
2 years Ago

ရောင်ခြည်သင့် ပန်းကလေးများ

“ဟီရိုရှီးမား ဆည်းဆာနေညိုညိုမှာ မိုးစက်ပွင့်ဖြူဖြူ သွန်ကျလာ၊ ပန်းပွင့်လွှာပေါ်က အရောင်များ လွင့်ပြယ်ကာ နွေဦး ကုန်ဆုံးရတော့မှာ…” ဆိုတဲ့ သီချင်းလေးကို ကလေးငယ်တစု သံပြိုင်သီဆိုနေတယ်။ အချိန်က ၈ နာရီ ၁၅ မိနစ်။ ၁၉၄၅ ခုနှစ် ဩဂုတ်လ ၆ ရက်။ ဆရာလာဖို့ ၁၅ မိနစ်အလို..။ ကျောင်းသားအားလုံးကတော့ စာသင်ခန်းထဲမှာ။ အချို့ ထိုင်သူထိုင်။ ထသူထ။ စကားတွတ်ထိုးနေချိန်မှာ ပြတင်းတံခါးကနေ လင်းခနဲ လက်ခနဲ အလင်းတန်းများနှင့်အတူ တော်လဲသံကြီးတခုကိုပါ တပြိုင်တည်း ကြားလိုက်ရတယ်။ ကျောင်းဆောင်ကြီးတခုလုံး မီးလောင်တော့ ကျောင်းသားတွေ ထွက်‌ပြေးကြ။ အော်သူ အော်၊ ဟစ်သူ ဟစ်ပေါ့။ တကယ့် ဝရုန်းသုန်းကား အခြေအနေ။ ကွင်းပြင်ထဲရောက်တော့ ဝန်းကျင်တခုလုံး မီးဟုန်းဟုန်းတောက်။ ပေါက်ကွဲသံတွေ ပြေးလွှားသံတွေ အော်ဟစ်ညည်းညူသံတွေ…။ ကယ်ပါ.. ယူပါ တစာစာနဲ့ ကယ်သူမဲ့ ကူသူမရှိ မီးလောင်ပြင်ထဲမှာ။ ပူလိုက်တဲ့ အပူရှိန်ကလည်း ဖာရင်ဟိုက် ၅၄၀၀ တဲ့။ သံကို အရည်ကျိုဖို့လိုတဲ့ အပူထက်တောင် နှစ်ဆကဲနေသတဲ့။ ရေတွင်းရေကန်အားလုံး ပွက်ပွက်ဆူ။ ရေဆာလို့‌ သောက်စရာ ရေမရှိ။ ဟီရိုရှီးမား မြစ်ပြင်ကျယ်လည်း ပူလောင်ပုပ်စပ်လို့။ သောက်သုံးမရတော့….။ လမ်းတလျှောက်မှာတော့ အဝတ်မဲ့ ခန္ဓာကိုယ်နဲ့ မီးလောင်ဒဏ်ရာအလောင်းများ…။ မိခင်နို့စို့ရင်း အမေ့ရင်ဘတ်ပေါ်မှာ သားအမိနှစ်‌ယောက်လုံး အသက်ကင်းမဲ့လို့..။ တကိုယ်လုံး ပြာမှုန်တွေ လူးနေရဲ့။ ဆွတ်ဆွတ်ဖြူ အသားတွေ မီးသွေးခဲလို မည်းသွားကြတယ်။ လောင်မီးကျတယ်ဆိုတာ ဒါကို ခေါ်လေသလား မသိတော့..။ မီးလောင်ပြင်ထဲမှာ တနာရီမိုင် ၄၀ နှုန်း လေပြင်းကလည်း တိုက်နေတယ်။ တကယ့်ကို မီးလောင်ရာ လေပင့်..။ ငရဲကျတယ်ဆိုတာ ဒါပဲ ထင်ပါရဲ့။ ကောင်းကင်ပြင်တခုလုံးလည်း မည်းမည်းမှောင် တိမ်တိုက်ကြီးတွေ အလိပ်လိပ်။ တိမ်တိုက်တွေကြားထဲက လျှပ်စီးလက်သလို။ လင်းခနဲ လက်ခနဲ တဖျပ်ဖျပ်ခတ်လို့ ပေါက်ကွဲနေရဲ့။ မြေပြင်ကနေ ပေ ၁၅၀၀ ခန့်အကွာမှာ အချင်းပေ ၂၅၀ ခန့်ရှိတဲ့ နေကနေ ပဲ့ထွက်လာတဲ့ မီးလုံးကြီးအလားပါပဲ။ မိုင်တရာပတ်လည် အလင်းတွေဖြန့်ပြီး သူ့လှိုင်းဒဏ်ကြောင့် ၁၀ မိုင်ဝန်းကျင်ရှိ အဆောက်အအုံပေါင်း ၆၄၈၀ အထိ ပြိုပျက်ခဲ့တယ်။ လူပေါင်း ၉၀၀၀၀ ‌ကျော် မီးလောင် သေဆုံးခဲ့တယ်။ ခြေပြတ် လက်ပြတ်၊ ရောင်ခြည်သင့်သူတွေကလည်း အများအပြား။ ကောင်းကင်တခုလုံး အဆောက်အအုံ အကျိုးအပျက်တွေ ပျံဝဲနေတယ်။ အပူရှိန်ကြာင့် မိုးသီးအရွယ်ရှိ မိုးတွေ ရွာချပြန်တယ်။ ကျဲချလိုက်တဲ့ ဗုံးဟာ မှိုပွင့်ကြီးတခုလို သဏ္ဌာန်ဖြစ်ခဲ့တယ်။ ဝန်းကျင် လေထုတခုလုံးလည်း စုတ်ဝဲ မှုတ်ဝဲ လေဘဝဲတွေ ဖြစ်လာတယ်။ လေထု တွန်းကန်အားဟာ ဗုံးကြဲပြီး ၁၅ မိုင်အကွာ ရောက်နေတဲ့ အီနိုလာဂေး ဗုံးကြဲလေယာဉ်ကြီး တုန်လှုပ် ယမ်းခါသွားစေခဲ့တယ်လို့ ဆိုတယ်။ အီနိုလာဂေးပေါ် ပါလာတဲ့ လေယာဉ်မှူးတယောက်ကတော့ ဒီဖြစ်စဉ်ကို မြင်တွေ့လို့ ရူးသွားပြီး စိတ္တဇဆေးရုံမှာ သေသွားခဲ့တယ်။ မိုးကြိုးလျှပ်စစ်စက်ကွင်း မလွတ်သူတို့ အပူရှိန်ဒဏ် မခံနိုင်လို့ သေသူသေ။ အကျိုး အပြတ် ဒုက္ခိတဖြစ်သူ ဖြစ်ပေါ့။ အဝတ်မပါ ကိုယ်ချည်းသက်သက် သွေးရူးသွေးတန်း ပြေးသူ ပြေးလို့။ တကိုယ်လုံး သွေးအလိမ်းလိမ်းနဲ့။ တစ္ဆေ သရဲတွေ မြို့လယ်ကောင် လမ်းလျှောက်နေသလိုမျိုးပါပဲ။ ဗုံးရဲ့ အပူရှိန်ကြောင့် လောင်ကျွမ်းနေတဲ့ ရုပ်ဝတ္ထုတွေ၊ ပြာမှုန်တွေ ဝဲဝဲပျံနေတယ်။ အေးကွက်ကို ရှာ၏၊ အေးကွက်ကို မတွေ့တော့။ ရေတွေ အငေ့ွအဖြစ် ပြောင်းပေါ့။ ကောင်းကင်ဓာတ်ပုံမှာတော့ ၄ မိုင်အကျယ်ရှိတဲ့ မီးပင်လယ်ပြင်ကြီး။ ကမ္ဘာမြေ ပျက်သုဉ်းသွားသလိုပါပဲ။ ကမ္ဘာမီးလောင်တော့ သားတောင် ချနင်းရမယ့် အဖြစ်ပဲ။ ဘယ်သူ့ ဘယ်သူမှ မကယ်နိုင်တော့ပြီပဲလေ။ ဒီရာဇဝတ်မှုကြီးကို ဘယ်သူ ကျူးလွန်ခဲ့တာလဲ။ ဘယ်သူ အမိန့်ပေးခဲ့သလဲ။ အမေရိကန် ထရူးမင်းလား။ နာရီ ၃၀ လုံးလုံး ဟီရိုရှီးမားလူထုကို ဘယ်သူ မီးလောင်တိုက်သွင်းခဲ့သလဲ။ ဒီလို လူသတ်လက်နက်ကို ဘယ်သိပ္ပံပညာရှင်က တီထွင်ပေးခဲ့တာလဲ။ အဏုမြူဗုံး ဖော်ဆောင်သူ ခေါင်းဆောင် နျူကလီးယားသိပ္ပံပညာရှင် အိုပင်ဟိုင်မားကရော မဟာရာဇဝတ်မှု‌အတွက် တာဝန်ယူမတဲ့လား။ သိပ္ပံပညာရှင်တို့ရဲ့ ဦးနှောက်မှာ မှတ်မှတ်သားသား စွဲမြဲထားတဲ့ ကိုယ်ကျင့်ဗေဒ နောင်တ ဆိုတာကရော ဟီရိုရှီးမားလူထုအတွက် လုံလောက်ပါရဲ့လား။ ဒီမဟာရာဇဝတ်မှုအတွက် ဘယ်သူ့မှာ တာဝန်ရှိခဲ့သလဲ။ ဟစ်တလာလား။ ဘုရင်ဟီရိုဟီတိုလား။ ဂျင်နရယ်တိုဂျိုလား။ ထရူးမင်းလား။ မက်အာသာလား..။ မဟာစစ်ရာဇဝတ်ကောင်ဟာ ဘယ်သူလဲ…။ စစ်ဆိုတာကရော ဘာလဲ။ ပြည်သူတွေ.. လူထုတွေ.. စစ်သားတွေ… ဘယ်သူအတွက် တိုက်နေကြတာလဲ…။ တကယ်တော့ စစ်ဆိုတာ နိုင်သူ လွှမ်းမိုးခွင့်ရဖို့ ဖန်တီးချက်တခုထက် မပိုပါဘူးလေ…။ ဟီရိုရှီးမားရဲ့ ပွင့်ချပ်လွှာလေးတွေ ကြွေလွင့်ခဲ့ရတာ အခုဆို ၇၄ နှစ် ပြည့်ခဲ့ပြီပဲလေ..။ ဘာပဲဖြစ်ဖြစ်…“လေးနဲ့ မြားဟာ ကမ္ဘာကြီး နာကျင်မှုကို ကုစားနိုင်ခြင်း မရှိခဲ့သည်ကိုတော့ ဟီရိုရှီးမားက နောင်နှစ်များစွာ သက်သေခံနေဦးမှာပါပဲ…။ (ဟီရိုရှီးမား ၇၄ နှစ်ပြည့် စစ်နဲ့ငြိမ်းချမ်းရေးဆီသို့ ဦးခိုက်လျက်) ဝန်ခံချက်။ ။ ဆရာမြသန်းတင့်၏ အီနိုလာဂေး၊ မိုးစက်ပွင့်ဖြူဖြူ ဆောင်းပါးအား ဆင့်ပွားခံစားထားခြင်း ဖြစ်သည်။ ထွန်းဇော်ဌေ
Zawgyi Version ေရာင္ျခည္သင့္ ပန္းကေလးမ်ား ထြန္းေဇာ္ေဌး “ဟီ႐ိုရွီးမား ဆည္းဆာေနညိဳညိဳမွာ မိုးစက္ပြင့္ျဖဴျဖဴ သြန္က်လာ၊ ပန္းပြင့္လႊာေပၚက အေရာင္မ်ား လြင့္ျပယ္ကာ ေႏြဦး ကုန္ဆုံးရေတာ့မွာ…” ဆိုတဲ့ သီခ်င္းေလးကို ကေလးငယ္တစု သံၿပိဳင္သီဆိုေနတယ္။ အခ်ိန္က ၈ နာရီ ၁၅ မိနစ္။ ၁၉၄၅ ခုႏွစ္ ဩဂုတ္လ ၆ ရက္။ ဆရာလာဖို႔ ၁၅ မိနစ္အလို..။ ေက်ာင္းသားအားလုံးကေတာ့ စာသင္ခန္းထဲမွာ။ အခ်ိဳ႕ ထိုင္သူထိုင္။ ထသူထ။ စကားတြတ္ထိုးေနခ်ိန္မွာ ျပတင္းတံခါးကေန လင္းခနဲ လက္ခနဲ အလင္းတန္းမ်ားႏွင့္အတူ ေတာ္လဲသံႀကီးတခုကိုပါ တၿပိဳင္တည္း ၾကားလိုက္ရတယ္။ ေက်ာင္းေဆာင္ႀကီးတခုလုံး မီးေလာင္ေတာ့ ေက်ာင္းသားေတြ ထြက္‌ေျပးၾက။ ေအာ္သူ ေအာ္၊ ဟစ္သူ ဟစ္ေပါ့။ တကယ့္ ဝ႐ုန္းသုန္းကား အေျခအေန။ ကြင္းျပင္ထဲေရာက္ေတာ့ ဝန္းက်င္တခုလုံး မီးဟုန္းဟုန္းေတာက္။ ေပါက္ကြဲသံေတြ ေျပးလႊားသံေတြ ေအာ္ဟစ္ညည္းညဴသံေတြ…။ ကယ္ပါ.. ယူပါ တစာစာနဲ႔ ကယ္သူမဲ့ ကူသူမရွိ မီးေလာင္ျပင္ထဲမွာ။ ပူလိုက္တဲ့ အပူရွိန္ကလည္း ဖာရင္ဟိုက္ ၅၄၀၀ တဲ့။ သံကို အရည္က်ိဳဖို႔လိုတဲ့ အပူထက္ေတာင္ ႏွစ္ဆကဲေနသတဲ့။ ေရတြင္းေရကန္အားလုံး ပြက္ပြက္ဆူ။ ေရဆာလို႔‌ ေသာက္စရာ ေရမရွိ။ ဟီ႐ိုရွီးမား ျမစ္ျပင္က်ယ္လည္း ပူေလာင္ပုပ္စပ္လို႔။ ေသာက္သုံးမရေတာ့….။ လမ္းတေလွ်ာက္မွာေတာ့ အဝတ္မဲ့ ခႏၶာကိုယ္နဲ႔ မီးေလာင္ဒဏ္ရာအေလာင္းမ်ား…။ မိခင္ႏို႔စို႔ရင္း အေမ့ရင္ဘတ္ေပၚမွာ သားအမိႏွစ္‌ေယာက္လုံး အသက္ကင္းမဲ့လို႔..။ တကိုယ္လုံး ျပာမႈန္ေတြ လူးေနရဲ႕။ ဆြတ္ဆြတ္ျဖဴ အသားေတြ မီးေသြးခဲလို မည္းသြားၾကတယ္။ ေလာင္မီးက်တယ္ဆိုတာ ဒါကို ေခၚေလသလား မသိေတာ့..။ မီးေလာင္ျပင္ထဲမွာ တနာရီမိုင္ ၄၀ ႏႈန္း ေလျပင္းကလည္း တိုက္ေနတယ္။ တကယ့္ကို မီးေလာင္ရာ ေလပင့္..။ ငရဲက်တယ္ဆိုတာ ဒါပဲ ထင္ပါရဲ႕။ ေကာင္းကင္ျပင္တခုလုံးလည္း မည္းမည္းေမွာင္ တိမ္တိုက္ႀကီးေတြ အလိပ္လိပ္။ တိမ္တိုက္ေတြၾကားထဲက လွ်ပ္စီးလက္သလို။ လင္းခနဲ လက္ခနဲ တဖ်ပ္ဖ်ပ္ခတ္လို႔ ေပါက္ကြဲေနရဲ႕။ ေျမျပင္ကေန ေပ ၁၅၀၀ ခန႔္အကြာမွာ အခ်င္းေပ ၂၅၀ ခန႔္ရွိတဲ့ ေနကေန ပဲ့ထြက္လာတဲ့ မီးလုံးႀကီးအလားပါပဲ။ မိုင္တရာပတ္လည္ အလင္းေတြျဖန႔္ၿပီး သူ႔လႈိင္းဒဏ္ေၾကာင့္ ၁၀ မိုင္ဝန္းက်င္ရွိ အေဆာက္အအုံေပါင္း ၆၄၈၀ အထိ ၿပိဳပ်က္ခဲ့တယ္။ လူေပါင္း ၉၀၀၀၀ ‌ေက်ာ္ မီးေလာင္ ေသဆုံးခဲ့တယ္။ ေျချပတ္ လက္ျပတ္၊ ေရာင္ျခည္သင့္သူေတြကလည္း အမ်ားအျပား။ ေကာင္းကင္တခုလုံး အေဆာက္အအုံ အက်ိဳးအပ်က္ေတြ ပ်ံဝဲေနတယ္။ အပူရွိန္ၾကာင့္ မိုးသီးအ႐ြယ္ရွိ မိုးေတြ ႐ြာခ်ျပန္တယ္။ က်ဲခ်လိုက္တဲ့ ဗုံးဟာ မႈိပြင့္ႀကီးတခုလို သဏၭာန္ျဖစ္ခဲ့တယ္။ ဝန္းက်င္ ေလထုတခုလုံးလည္း စုတ္ဝဲ မႈတ္ဝဲ ေလဘဝဲေတြ ျဖစ္လာတယ္။ ေလထု တြန္းကန္အားဟာ ဗုံးႀကဲၿပီး ၁၅ မိုင္အကြာ ေရာက္ေနတဲ့ အီႏိုလာေဂး ဗုံးႀကဲေလယာဥ္ႀကီး တုန္လႈပ္ ယမ္းခါသြားေစခဲ့တယ္လို႔ ဆိုတယ္။ အီႏိုလာေဂးေပၚ ပါလာတဲ့ ေလယာဥ္မႉးတေယာက္ကေတာ့ ဒီျဖစ္စဥ္ကို ျမင္ေတြ႔လို႔ ႐ူးသြားၿပီး စိတၱဇေဆး႐ုံမွာ ေသသြားခဲ့တယ္။ မိုးႀကိဳးလွ်ပ္စစ္စက္ကြင္း မလြတ္သူတို႔ အပူရွိန္ဒဏ္ မခံႏိုင္လို႔ ေသသူေသ။ အက်ိဳး အျပတ္ ဒုကၡိတျဖစ္သူ ျဖစ္ေပါ့။ အဝတ္မပါ ကိုယ္ခ်ည္းသက္သက္ ေသြး႐ူးေသြးတန္း ေျပးသူ ေျပးလို႔။ တကိုယ္လုံး ေသြးအလိမ္းလိမ္းနဲ႔။ တေစၦ သရဲေတြ ၿမိဳ႕လယ္ေကာင္ လမ္းေလွ်ာက္ေနသလိုမ်ိဳးပါပဲ။ ဗုံးရဲ႕ အပူရွိန္ေၾကာင့္ ေလာင္ကြၽမ္းေနတဲ့ ႐ုပ္ဝတၳဳေတြ၊ ျပာမႈန္ေတြ ဝဲဝဲပ်ံေနတယ္။ ေအးကြက္ကို ရွာ၏၊ ေအးကြက္ကို မေတြ႔ေတာ့။ ေရေတြ အေင႔ြအျဖစ္ ေျပာင္းေပါ့။ ေကာင္းကင္ဓာတ္ပုံမွာေတာ့ ၄ မိုင္အက်ယ္ရွိတဲ့ မီးပင္လယ္ျပင္ႀကီး။ ကမာၻေျမ ပ်က္သုဥ္းသြားသလိုပါပဲ။ ကမာၻမီးေလာင္ေတာ့ သားေတာင္ ခ်နင္းရမယ့္ အျဖစ္ပဲ။ ဘယ္သူ႔ ဘယ္သူမွ မကယ္ႏိုင္ေတာ့ၿပီပဲေလ။ ဒီရာဇဝတ္မႈႀကီးကို ဘယ္သူ က်ဴးလြန္ခဲ့တာလဲ။ ဘယ္သူ အမိန႔္ေပးခဲ့သလဲ။ အေမရိကန္ ထ႐ူးမင္းလား။ နာရီ ၃၀ လုံးလုံး ဟီ႐ိုရွီးမားလူထုကို ဘယ္သူ မီးေလာင္တိုက္သြင္းခဲ့သလဲ။ ဒီလို လူသတ္လက္နက္ကို ဘယ္သိပၸံပညာရွင္က တီထြင္ေပးခဲ့တာလဲ။ အဏုျမဴဗုံး ေဖာ္ေဆာင္သူ ေခါင္းေဆာင္ န်ဴကလီးယားသိပၸံပညာရွင္ အိုပင္ဟိုင္မားကေရာ မဟာရာဇဝတ္မႈ‌အတြက္ တာဝန္ယူမတဲ့လား။ သိပၸံပညာရွင္တို႔ရဲ႕ ဦးေႏွာက္မွာ မွတ္မွတ္သားသား စြဲၿမဲထားတဲ့ ကိုယ္က်င့္ေဗဒ ေနာင္တ ဆိုတာကေရာ ဟီ႐ိုရွီးမားလူထုအတြက္ လုံေလာက္ပါရဲ႕လား။ ဒီမဟာရာဇဝတ္မႈအတြက္ ဘယ္သူ႔မွာ တာဝန္ရွိခဲ့သလဲ။ ဟစ္တလာလား။ ဘုရင္ဟီ႐ိုဟီတိုလား။ ဂ်င္နရယ္တိုဂ်ိဳလား။ ထ႐ူးမင္းလား။ မက္အာသာလား..။ မဟာစစ္ရာဇဝတ္ေကာင္ဟာ ဘယ္သူလဲ…။ စစ္ဆိုတာကေရာ ဘာလဲ။ ျပည္သူေတြ.. လူထုေတြ.. စစ္သားေတြ… ဘယ္သူအတြက္ တိုက္ေနၾကတာလဲ…။ တကယ္ေတာ့ စစ္ဆိုတာ ႏိုင္သူ လႊမ္းမိုးခြင့္ရဖို႔ ဖန္တီးခ်က္တခုထက္ မပိုပါဘူးေလ…။ ဟီ႐ိုရွီးမားရဲ႕ ပြင့္ခ်ပ္လႊာေလးေတြ ေႂကြလြင့္ခဲ့ရတာ အခုဆို ၇၄ ႏွစ္ ျပည့္ခဲ့ၿပီပဲေလ..။ ဘာပဲျဖစ္ျဖစ္…“ေလးနဲ႔ ျမားဟာ ကမာၻႀကီး နာက်င္မႈကို ကုစားႏိုင္ျခင္း မရွိခဲ့သည္ကိုေတာ့ ဟီ႐ိုရွီးမားက ေနာင္ႏွစ္မ်ားစြာ သက္ေသခံေနဦးမွာပါပဲ…။ (ဟီ႐ိုရွီးမား ၇၄ ႏွစ္ျပည့္ စစ္နဲ႔ၿငိမ္းခ်မ္းေရးဆီသို႔ ဦးခိုက္လ်က္) ဝန္ခံခ်က္။ ။ ဆရာျမသန္းတင့္၏ အီႏိုလာေဂး၊ မိုးစက္ပြင့္ျဖဴျဖဴ ေဆာင္းပါးအား ဆင့္ပြားခံစားထားျခင္း ျဖစ္သည္။ ထြန္းေဇာ္ေဌး
2 years Ago
Up