ဟီတီ

January 24, 2016

ဟီတီနိုင်ငံတွင် ဆန္ဒပြသူများ အကြမ်းဖက်တိုက်ခိုက်မှုကြောင့် ရွေးကောက်ပွဲရပ်ဆိုင်း (ရုပ်သံ)

ဟီတီနိုင်ငံ မြို့တော် ဖောဒါးပရင်စ်မှာ ဆန္ဒပြသူတွေရဲ့ အကြမ်းဖက်တိုက်ခိုက်တာတွေကြောင့် ရွေးကောက်ပွဲ ရပ်ဆိုင်းလိုက်ရပါတယ်။ ဇန်န၀ါရီ ၂၂ ရက်နေ့က အတိုက်အခံပါတီ ကိုယ်စားလှယ်တွေက ရွေးကောက်ပွဲဟာ မျှတမှုမရှိတာကြောင့် ဆန့်ကျင် ဆန္ဒပြမယ်လို့ ပြောထားတာပါ။ ရွေးကောက်ပွဲကောင်စီကတော့ ဒီကနေ့ ဇန်န၀ါရီ ၂၄ ရက်နေ့မှာ ကျင်းပမဲ့ရွေးကောက်ပွဲကို လုံခြုံရေးအရ ရွေ့ဆိုင်းပါတယ်။ ဒါပေမယ့် ဘယ်အချိန်မှာ ကျင်းပမလဲဆိုတာကတော့ ပြောမသွားပါဘူး။ ဆန္ဒပြသူတွေကတော့ ရွေးကောက်ပွဲမကျင်းပဖို့အော်ပြီး လမ်းမှာရှိတဲ့ ကားကိုမီးရို့ခဲ့ပြီး လူတယောက်ကိုလည်း တုတ်တွေ ထိုင်ခုံတွေနဲ့ ရိုက်နက်ခဲ့ကြပါတယ်။ နောက်ဆုံး လုံခြုံရေးရဲတပ်ဖွဲ့က ဝင်ရောက်ထားဆီးတဲ့ အထိဖြစ်လာခဲ့ပါတယ်။ ဆန္ဒပြနေသူတဦးကတော့ လက်ရှိဖြစ်နေတဲ့ ပြဿနာက အစိုးရဟာ ဒီရွေးကောက်ပွဲကို ရှေ့ဆက်တိုးဖို့ဖြစ်ပါတယ်။ ဒါပေမယ့် ပြည်သူတွေက ဒါကို မလိုလားဘူး ဒီရွေးကောက်ပွဲဟာ ကိုယ်စာလှယ်တယောက်ဘဲ အာဏာရတာမျိုးမလိုချင်ဘူး။ သမ္မတလည်း ဘာမှမလုပ်ပေးဘူးလို့ ပြောပါတယ်။ ဟီတီနိုင်ငံမှာ လူဦးရေ ၁၀ သန်းလောက်ရှိပြီး အာဏာရှင်လက်ထဲကတည်းက တည်ငြိမ်တဲ့ ဒီမိုကရေစီနိုင်ငံတော် တည်ဆောက်ဖို့ ကြိုးစားရုန်းကန်နေကြတာဖြစ်ပါတယ်။
7 years Ago
Up