ဟီဂွါအင်

January 29, 2019

ဟီဂွါအင် ရောက်လာသဖြင့် အသင်းပြောင်းရွှေ့နိုင်ဟု ချဲလ်ဆီးတိုက်စစ်မှူး ဂျရူးပြော

တိုက်စစ်မှူး ဟီဂွါအင် ရောက်လာတာကြောင့် အသင်းပြောင်းရွှေ့နိုင်တယ်လို့ ချဲလ်ဆီးတိုက်စစ်မှူး ဂျရူးက ပြောကြားလိုက်ပါတယ်။ ချဲလ်ဆီးအသင်းဟာ သွင်းဂိုးနည်းနေတဲ့ တိုက်စစ်ပိုင်းကို အားရမှုမရှိတာကြောင့် ဂျူဗင်တပ်တိုက်စစ်မှူး ဟီဂွါအင်ကို အငှားစာချုပ်နဲ့ခေါ်ယူလိုက်တာဖြစ်ပါတယ်။ ဟာဇက်က သူတွဲကစားခဲ့ဖူးသမျှ ကစားသမားတွေထဲမှာ အကောင်းဆုံးကစားသမားဖြစ်ပေမယ့် သူ့ကို အထောင်တိုက်စစ်မှူးအဖြစ် ကစားစေခဲ့တာဟာ တိုက်စစ်မှူးတွေကို နာကျင်စေတယ်လို့ ဂျရူးကဆိုပါတယ်။ သူဟာ ပြင်သစ်ဘောလုံးလောကရဲ့ စတုတ္ထမြောက်ဂိုးအများဆုံး သွင်းသူဖြစ်ပေမယ့်  ဟီဂွါအင်ကို ခေါ်ယူလိုက်တာကြောင့်လည်း မိမိရဲ့အနာဂတ်အတွက် စဉ်စားသွားရမယ်လို့လည်း ဂျရူးက ပြောပါတယ်။
2 years Ago

August 2, 2018

တိုက်စစ်မှူး ဟီဂွါအင်ကို အေစီမီလန်ပရိသတ်များ ကြိုဆို

အေစီမီလန်အသင်းဆီ ရောက်ရှိလာတဲ့ တိုက်စစ်မှူး ဟီဂွါအင်ကို မီလန်ပရိသတ်တွေက ကြိုဆိုခဲ့ကြပါတယ်။ ရာချီရှိတဲ့ အေစီမီလန် ပရိသတ်တွေဟာ ဟီဂွါအင်တည်းခိုမယ့် ဟိုတယ်ရှေ့မှာ  လာရောက် စောင့်ဆိုင်းနေခဲ့ကြတာပါ။ အာဂျင်တီးနားတိုက်စစ်မှူး ဟီဂွါအင်ဟာ ဂျူဗင်တပ်အသင်းကို စီရော်နယ်ဒို ရောက်ရှိလာတာကြောင့် ပုံမှန်ပွဲထွက်ခွင့်ရဖို့ အေစီမီလန်အသင်းဆီ ပြောင်းရွှေ့ဖို့ ဆုံးဖြတ်ခဲ့တာပါ။ ဟီဂွါအင်အနေနဲ့ ရက်ပိုင်းအတွင်း ဆေးစစ်ပြီး အပြီးသတ်စာချုပ် ချုပ်ဆိုဖို့ မျှော်လင့်ထားပါတယ်။ အေစီပရိသတ်တွေ ကြိုဆိုနေကြတာ တွေ့ရလို့ ကျေနပ်မိပြီး ဂျူဗင်တပ်ပရိသတ်တွေကိုလည်း နှုတ်ဆက်ချင်တယ်လို့ ဟီဂွါအင်က ပြောကြားခဲ့ပါတယ်။ ဟီဂွါအင်ရဲ့ အပြောင်းအရွှေ့ အစိတ်အပိုင်းတရပ် အနေနဲ့ အေစီမီလန်နောက်ခံလူ ဘိုနုချီက ဂျူဗင်တပ်အသင်းဆီ ပြန်လည်ပြောင်းရွှေ့မှာ ဖြစ်တယ်လို့ သိရပါတယ်။
3 years Ago

ဂျူဗီတိုက်စစ်မှူး ဟီဂွါအင်နှင့် ကယ်ဒါရာတို့ အေစီမီလန်သို့ ပြောင်းရွှေ့

ဂျူဗင်​တပ်အသင်းဟာ ချဲလ်​ဆီးအသင်းက အသည်းအသန်​ ခေါ်ယူဖို့ ကြိုးပမ်း​နေတဲ့ တိုက်​စစ်​မှူး ဟီဂွါအင်​နဲ့ ကယ်​ဒါရာတို့ကို ​အေစီမီလန်​အသင်းဆီ ​ပြောင်း​ရွှေ့စေခဲ့ပါတယ်။ အ​ပြောင်းအ​ရွှေ့ပုံစံက​တော့ ဟီဂွါအင်​က အငှါးနဲ့ဖြစ်​ပြီး အပြီးသတ်​စာချုပ် ချုပ်​ဖို့လည်း ရှိ​နေပါတယ်​။ အေစီမီလန်​အသင်းက​တော့ အဲဒီကစားသမား ၂ ဦးအတွက် အသင်းက ဂျူဗင်​တပ်​ ကစားသမား​ဟောင်း ဘိုနူချီကို အသင်း​ဟောင်းဆီ ပြန်​လည်​ ​ပြောင်း​ရွှေ့စေခဲ့ပါတယ်​။ ချဲလ်​ဆီးနည်းပြသစ်​ ဆာရီအ​နေနဲ့ အသင်းအတွက်​ တိုက်​စစ်​မှူးနဲ့ ကွင်းလယ်​ကစားသမား အပူတပြင်း လိုက်​လံရှာ​ဖွေ​နေခဲ့သလို ဂျူဗင်​တပ်​အသင်းရဲ့ ကွင်းလယ်​ခံစစ်​ကစားသမား ဒန်​နီလီရူဂါနီကို ​ခေါ်ယူဖို့ ကြိုးပမ်းနေပါတယ်​။
3 years Ago
Up