ဟိုပင်မြို့အနီး မြေငလျင်လှုပ်ခတ်

April 2, 2019

ဟိုပင်မြို့အနီး မြေငလျင်လှုပ်ခတ်

ကချင်ပြည်နယ် မိုးညှင်းခရိုင် ဟိုပင်မြို့အနီးမှာ ဒီနေ့ မနက်ပိုင်းက ရစ်ခ်ျ တာစကေး (၃.၈)အဆင့်ရှိ  အင်အားအနည်းငယ်ရှိတဲ့ မြေငလျင်တခု လှုပ်ခတ်သွားတယ်လို့ မိုးဇလဌာနက ထုတ်ပြန်ပါတယ်။ ဧပြီ ၂ ရက်  မြန်မာစံတော်ချိန် ၁၂ နာရီ ၇ မိနစ် ၆ စက္ကန့်အချိန်က မြစ်ကြီးနား မြေငလျင်စခန်းမှ အနောက်တောင်ဘက် ၆၅ မိုင်ခန့် ကွာဝေးတဲ့ မြန်မာပြည်တွင်း ဟိုပင်မြို့ရဲ့ မြောက်ဘက် (၁၀)မိုင်ခန့်အကွာ အနက် (၁၀)ကီလိုမီတာကို ဗဟိုပြုပြီး မြေငလျင် လှုပ်ခတ်သွားတာလို့  မိုးဇလ သတင်းမှာ ဖော်ပြပါတယ်။ ဓာတ်ပုံ- မိုးဇလ
3 years Ago
Up