ဟိုတယ်နှင့် ဆိုင်

A d v e r t i s e m e n t With Us

April 6, 2020

ကယားပြည်နယ်အတွင်း ဟိုတယ်နှင့် ဆိုင်များပိတ်ရန် ဝန်ကြီးချုပ် အမိန့်ထုတ်

ကယားပြည်နယ်အတွင်း ဟိုတယ်၊ မိုတယ်၊ တည်းခိုခန်း၊ ဆောက်လုပ်ရေးလုပ်ငန်းနဲ့ အဝတ်အထည်ဆိုင်တွေကို ဧပြီ ၇ ရက် ည ၁၂ နာရီမှ ဧပြီ ၂၂ ရက် ည ၁၂ နာရီ ၂၄ အချိန်ထိ ခေတ္တယာယီ ပိတ်သိမ်းထားရမယ်လို့ ဝန်ကြီးချုပ်က အမိန့်ထုတ်ပြန်လိုက်ပါတယ်။  စားသောက်ကုန်ရောင်းချထုပ်လုပ်တဲ့လုပ်ငန်း၊ ဆေးဝါးပစ္စည်းရောင်းချ ထုတ်လုပ်တဲ့ လုပ်ငန်း၊ စက်သုံးဆီ၊  လျှပ်စစ်ဓါတ်ပေးလုပ်ငန်းနဲ့ ဘဏ်တွေကလွဲပြီး တခြားဆိုင်တွေအားလုံး ပိတ်ထားဖို့နဲ့ ခရီးသည်တင်ယာဉ်တွေလည်း  ဧပြီ ၇ ရက်ကစပြီး ပြီး ပြည်နယ်အတွင်း ဝင်ထွက်သွားလာတာကို ယာယီပိတ်ထားမယ်လို့ ကယားပြည်နယ် ဝန်ကြီးချုပ် ဦးအယ်လ်ဖောင်းရှိက အမိန့်ထုတ်ပြန်လိုက်တာပါ။ COVID-19 ရောဂါပြန့်ပွားမှုကို ထိန်းချုပ်ဖို့ အကောင်းဆုံးနည်းဟာ နေအိမ်မှာ နေထိုင်တာ၊ တယောက်နဲ့တယောက် ထိတွေ့မှုမရှိအောင် လုပ်ဆောင်လိုက်တာဖြစ်ပြီး မလိုက်နာပါက ဥပဒေအရ အရေးယူခြင်းခံရမယ်လို့လည်း ထုတ်ပြန်ထားပါတယ်။  ဒါ့အပြင် ကယားပြည်နယ်အတွင်း ကုန်စည်စီးဆင်းမှုအတွက် ဝင်ထွက်သွားလာနေတဲ့ ကုန်တင်ကားတွေနဲ့  သာမန်အိမ်စီးကားတွေကလွဲပြီး ကျန်တဲ့ခရီးသည်ပို့ဆောင်ရေးယာဉ်လိုင်းတွေ အားလုံး၊ ဘုရားဖူး ၊အပန်းဖြေ အလည်အပတ်ယာဉ်အားလုံးနဲ့ အိမ်စီးကားအနက် ယာဉ်မောင်းအပါအဝင် ၇ ဦး ထက်ပိုတဲ့ မော်တော်ယာဉ်အားလုံး ပြည်နယ်အတွင်း ဝင်ထွက်သွား လာခွင့်ကို ၂၂ ရက်နေ့အထိ ပိတ်သိမ်းဖို့လည်း အမိန့်ထုတ်ထားပါတယ်။ 
11 months Ago
Up