ဟိုတယ်ခန်းခ မရှင်းလို၍ ၁၉ ထပ်တိုက်ခန်းပေါ်မှ ကြိုးလွှဲတိမ်းရှောင်

October 6, 2017

ဟိုတယ်ခန်းခ မရှင်းလို၍ ၁၉ ထပ်တိုက်ခန်းပေါ်မှ ကြိုးလွှဲတိမ်းရှောင် (ရုပ်သံ)

တရုတ်နိုင်ငံ အနောက်တောင်ပိုင်း ကွေ့ကျိုးပြည်နယ်မှာ အမျိုးသားတဦးဟာ ဟိုတယ်အခန်းခ  ရှင်းပေးရမှာ ကြောက်တဲ့အတွက် တီဗွီကြိုးတန်းကနေ သွယ်တန်းတိမ်းရှောင်ပြီး တခြားတိုက်ကိုကူးဖို့ ကြိုးစားခဲ့တယ်လို့ livelink အေကျင်စီသတင်းကို ကိုးကားပြီး မန်နေဂျာအွန်လိုင်းမှာ ဖော်ပြပါတယ်။ ပြီးခဲ့တဲ့ စက်တင်ဘာ ၂၉ ရက်နေ့က အမျိုးသားတဦး လေထဲမှာ ဝဲနေတာကို အနီးနား ပတ်ဝန်းကျင်ရှိ လူတွေက သတိထားမိခဲ့ကြပြီး ဗွီဒီယိုရိုက်ယူကြရာမှာ အဲဒီအမျိုးသားဟာ တိုက်ခန်းတခန်းရဲ့ ၁၉ လွှာပေါ်ကနေ တီဗွီလိုင်းကြိုးကို သွယ်တန်းပြီး တခြားတိုက်ဘက်ကို ကူးဖို့ ကြိုးစားနေခဲ့ပါတယ်။ အခင်းဖြစ်နေရာကို အရေးပေါ်ကယ်ဆယ်ရေးအဖွဲ့တွေလည်း ရောက်ရှိလာပြီး အဲဒီအမျိုးသားကို ကယ်တင်ခဲ့ပေမယ့် သူဟာ ဟိုတယ်ခမပေးဘဲ တိမ်းရှောင်တဲ့အနေနဲ့ လုပ်လိုက်တာမို့ မကြာခင်မှာဘဲ ရဲတွေက သူ့ကို ဖမ်းဆီးလိုက်တယ်လို့ ဆိုပါတယ်။ အဲဒီအမျိုးသား ရှင်းရမယ့် ဟိုတယ်ခန်းခ ဘယ်လောက်လဲဆိုတာ သတင်းမှာ ဖော်ပြမထားပေမယ့် တန်ဖိုးရှိတဲ့ လူ့အသက်တချောင်းနဲ့ စွန့်စားရတာတော့ မတန်ဘူးလို့ လူမှူကွန်ရက်မှာ ဝေဖန်နေကြပါတယ်။
4 years Ago
Up