ဟိုင်နန်ပြည်နယ်

October 7, 2021

ဟိုင်နန်ပြည်နယ် မိုးကြီးရေလွှမ်း

တရုတ်နိုင်ငံတောင်ပိုင်း၊ ဟိုင်နန်ပြည်နယ်၊ ဝမ်နင်းမြို့မှာ မိုးကြီးပြီး ရေလွှမ်းခဲ့လို့ မီးသတ်သမားတွေက လူ ၃၁ ယောက်ကို ဘေးကင်းရာ ရွှေ့ပေးခဲ့ရတယ်လို့ ဒေသ အာဏာပိုင်တွေက ပြောပါတယ်။ 

အားကောင်းတဲ့ မိုးမုန်တိုင်းက လီကျိမြို့ တီယန်ရှင်းရွာကို တိုက်ခတ်ခဲ့လို့ ရွာကို အဝင်အထွက် လမ်းတွေ ရေအောက် မြုပ်ခဲ့ပြီး မိသားစု ၆၀ကျော် ရေဘေးသင့် ခဲ့တာပါ။ လမ်းပေါ်မှာ ရေက ၁ မီတာခွဲလောက် တက်ခဲ့တယ်လို့ ဆိုပါတယ်။

ဒေသခံ အာဏာပိုင်တွေက သောင်တင်နေတဲ့ လူတွေကို ဘေးကင်းရာဆီ လေမှုတ်သက်ကယ်လှေတွေနဲ့ ချက်ချင်း ရွှေ့ပေးပြီး ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းတွေ ဆောင်ရွက်ခဲ့ကြပါတယ်။

မီးသတ်သမားတွေရဲ့ အကူအညီကြောင့် အသေအပျောက် မရှိခဲ့ဘူးလို့ ဆိုပါတယ်။ တောင်တရုတ်ပင်လယ် အရှေ့တောင်ပိုင်းမှာ အပူပိုင်းတိမ်တိုက် တခု ဖြစ်ထွန်းနေတယ်လို့ ဟိုင်နန် မိုးလေဝသ ဗျူရိုက ပြောပါတယ်။

ဒီသက်ရောက်မှုကြောင့် ဟိုင်နန်ကျွန်း အရှေ့ပိုင်း ထက်ဝက်လောက်မှာ ဗုဒ္ဓဟူးနေ့က မိုးကြီးပြီး အနောက်ဘက်ခြမ်းမှာတော့ မိုးအနည်းငယ်ကနေ အသင့်အတင့် ရွာခဲ့ပါတယ်

ကျွန်းရဲ့ အစိတ်အပိုင်းအများစုမှာ ခုရက်ပိုင်း မိုးကြီးနိုင်တယ်လို့ မိုးလေဝသဌာနက ခန့်မှန်းထားပါတယ်။ 

1 year Ago
Up