ဟိုက်ဒရိုစီကလိုရိုကွင်း

April 9, 2020

ဟိုက်ဒရိုစီကလိုရိုကွင်း ကုန်ကြမ်းများ လာမည့်စနေနေ့တွင် ရမည်ဟု ဘရာဇီးသမ္မတ ပြော

ငှက်ဖျားတိုက်ဖျက်ဆေးအဖြစ်သုံးတဲ့ ဟိုက်ဒရိုစီကလိုရိုကွင်းတွေကို ထုတ်လုပ်ဖို့ ကုန်ကြမ်း တွေကို နောက်တပတ် စနေနေ့မှာ ရတော့မယ်လို့ ဘရာဇီးသမ္မတက ဧပြီလ ၈ ရက်မှာ ပြောလိုက်ပါတယ်။  ဒီဆေးကုန်ကြမ်းတွေဟာ အိန္ဒိယဝန်ကြီးချုပ်ထံ မေတ္တာရပ်ခံတောင်းဆိုထားတာကြောင့် ရောက်လာမယ်လို့ ဘရာဇီးသမ္မတ ဘိုလ်ဆွန်နာရိုက ဆိုပါတယ်။  ဟိုက်ဒရိုစီကလိုရိုကွင်း ကို ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံလူနာတွေရဲ့ အသက်ကယ်ရာမှာ သုံးနေ ပြီး ဒါကို ဗိုင်းရပ်စ်ကူးစက်ခံရချိန် ကနဦးအဆင့်တွေမှာ သုံးစွဲကုသသင့်တယ်လို့လည်း သူက ပြောပါတယ်။  ဒါပေမဲ့ ဒီဆေးရဲ့ အကျိုးသက်ရောက်မှုနဲ့ စိတ်ချရမှုဆိုင်ရာအထောက်အထားနည်း နေသေးတာကြောင့်  အရေးပေါ်အခြေအနေဖြစ်နေတဲ့ ဆေးရုံ တက်လူနာတွေမှာသာ အသုံးပြုဖို့ ဘရာဇီး အာဏာပိုင်တွေက ကန့်သတ်ထားပါတယ်။  အဆုတ်ရောင်နဲ့ အအေးမိရောဂါဖြစ်စေတဲ့ ဗိုင်းရပ်စ်ကူးစက်မှုကို ကုသရာမှာ၊ ငှက်ဖျားတိုက်ဖျက်ရေးမှာသုံးတဲ့ ကုထုံးအကြောင်း ပထမဆုံးထုတ်ဖော်ပြောတာကတော့ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ပဲ ဖြစ်ပါတယ်။  ငှက်ဖျားတိုက်ဖျက် ဆေးကို နိုဗယ်ကိုရိုနာဗိုင်းရပ်စ်ကုသရေးမှာ သုံးတာဟာ အန္တရာယ်တော့ ရှိပြီး ဆေးဒဏ်ကြောင့် အမြင်အာရုံဆုံးရှုံးတာနဲ့ နှလုံးဆိုင်ရာပြဿနာတွေ ရှိနိုင်တယ်လို့လည်း ရိုက်တာသတင်းက ရေးသားပါတယ်။
2 years Ago

March 29, 2020

ကိုဗစ်-၁၉ နှင့်ပတ်သက်၍ ပဋိဇီဝ ပိုးသတ်ဆေး ၂ မျိုး မလိုအပ်ဘဲ မသောက်ရန် သတိပေး

ကိုရိုနာဗိုင်းရပ်စ် ကိုဗစ်-၁၉ နဲ့ ပတ်သက်ပြီး ပဋိဇီဝ ပိုးသတ်ဆေး ၂ မျိုးကို မလိုအပ်ဘဲ သောက်နေတာတွေ မလုပ်ဖို့ မြန်မာနိုင်ငံ အစားအသောက်နဲ့ ဆေးဝါးအာဏာပိုင်အဖွဲ့က သတိပေးလိုက်ပါတယ်။ လတ်တလော ဈေးကွက်ထဲမှာ ငှက်ဖျားဆေးဖြစ်တဲ့ ဟိုက်ဒရိုစီကလိုရိုကွင်းဆေးပြားနဲ့ ပဋိဇီဝ ပိုးသတ်ဆေးတမျိုးဖြစ်တဲ့ အက်ဇစ်သရိုမိုင်စင်ဆေးပြားတို့ကို မလိုလားအပ်ဘဲ ဝယ်ယူတာ၊ သောက်သုံးတာတွေ လုပ်နေကြလို့ ဘေးထွက်ဆိုးကျိုး အများကြီးရှိနိုင်တယ်လို့ ဆိုပါတယ်။ ဒါကြောင့် အဲဒီဆေး ၂ မျိုးကို ဆရာဝန် ထောက်ခံချက်လက်မှတ် ပါမှပဲ ရောင်းချတာ၊ ဝယ်ယူတာ သောက်သုံးတာတွေ လုပ်ကြဖို့ အသိပေး ထုတ်ပြန်လိုက်ပါတယ်။
2 years Ago
Up