ကာဗွန်ထုတ်လွှတ်မှု လုံး၀မရှိတဲ့ နည်းပညာကို အရောင်းမြှင့်တင်တဲ့အနေနဲ့ ဒီဇင်ဘာလ ၉ ရက်ကဂျပန်ကားကုမ္ပဏီ တိုယိုတာက မီရာအီလို့ခေါ်တဲ့ ဟိုက်ဒရိုဂျင်စွမ်းအင်သုံးမော်တော်ကားကို စတင်ရောင်းချပါတယ်။
အောက်တိုဘာလမှာပဲ ဝန်ကြီးချုပ် ဟိုရှိဟီဒဲ့စုဂ ကလာမယ့် ၂၀၅၀ မှာ ကာဗွန်ထုတ်လွှတ်မှု သုညရောက်အောင် လျှော့ချမယ်လို့ ကတိပြုခဲ့ပြီးနောက် အခုလို မီရာအီ ကို တိုယိုတာက မိတ်ဆက်လိုက်တာပါ။
ဟိုက်ဒရိုဂျင်စွမ်းအင်သုံး လျှပ်စစ်ကားတွေကို ဓာတ်အားပြန်ဖြည့်စရာမလိုဘဲ ကီလိုမီတာ ၈၀၀ လောက်အထိ မောင်းနိုင်အောင် ဖန်တီးပြီး ယာဉ်မောင်းတွေကို ဆွဲဆောင်လိုတယ်လို့ တိုယိုတာက ဆိုထားပါတယ်။
ဒါ့အပြင် အလိုအလျောက် ကားပါကင် စနစ်နဲ့ ယာဉ်အောက်ကနေ ယာဉ်ရှေ့ပိုင်းအထိ ဟိုက်ဒရိုဂျင်စွမ်းအင်ကို သုံးပြီး ကျစ်လျစ်လှပတဲ့ ဒီဇိုင်းထုတ်ခြင်းစတဲ့ အင်္ဂါရပ်တွေကိုလည်း ထည့်သွင်း ထားတယ်လို့ တိုယိုတာက ဆိုပါတယ်။
4 months Ago