ဟိမဝန္တာတောင်

A d v e r t i s e m e n t With Us

June 6, 2019

တောင်တက်သမားများ၏ အလောင်း ၅ လောင်း ပြန်သယ်ရေး အိန္ဒိယ လက်လျှော့

အိန္ဒိယနိုင်ငံ ဟိမဝန္တာ တောင်တန်းပေါ်မှာ နှင်းထုပြိုကျတာကြောင့် သေဆုံးပြီလို့ ယူဆရတဲ့ တောင်တက်သမားတွေရဲ့ အလောင်းတွေကို ဇွန် ၅ ရက်ကစပြီး ပြန်သယ်ဖို့ ကြိုးစားနေပေမယ့် နည်းပညာ ပြဿနာတွေကြောင့် ကြိုးစားတာ ရပ်လိုက်ပြီလို့ အရာရှိတွေက ပြောပါတယ်။ တောင်စောင်းပေါ်မှာ နှင်းတွေ တဝက်တပျက်ဖုံးနေတဲ့ အလောင်း ၅ လောင်းကို အိန္ဒိယ စစ်ရဟတ်ယာဉ်တစီးက ဇွန် ၃ ရက်မှာ တွေ့ခဲ့တာပါ။ တခြား တောင်တက်သမား ၃ ယောက် ဘယ်အခြေအနေ ရောက်နေတယ်ဆိုတာ မသိရသေးပါဘူး။ “သူတို့ရှင်သန်နိုင်ဖို့ ဖြစ်နိုင်ချေက ဝေးလွန်းတယ်၊ သူတို့အလောင်းတွေဟာလည်း ရှာတွေ့တဲ့ အလောင်းငါးလောင်း အနားမှာပဲ ဖြစ်ပုံရတယ်။ အလောင်းတွေဆီ ရောက်မယ့် နည်းလမ်း ဒါမှမဟုတ် ခြေလျင်တောင်တက် အဖွဲ့တဖွဲ့ လွှတ်ဖို့ ဖြစ်နိုင်ချေကိုရှာဖို့ ဒီသီတင်းပတ်ထဲမှာ လေကြောင်းကနေ နောက်ထပ်လေ့လာဦးမယ်။ ဒါပေမယ့် နေသားကျဖို့ အချိန်လိုတယ်” လို့ အရာရှိတွေက ပြောပါတယ်။ အလောင်းတွေကို ပြန်ရဖို့ အနည်းဆုံး ဆယ်ရက်လောက် အချိန်ယူရနိုင်တယ်လို့ အိန္ဒိယ အာဏာပိုင်တွေက ခန့်မှန်းထားပါတယ်။ ဗြိတိန်နိုင်ငံသား ၄ ယောက်၊ အမေရိကန်နိုင်ငံသား ၂ ယောက်၊ သြစတြေးလျ ၁ ယောက်နဲ့ အိန္ဒိယ ၁ ယောက်ပါတဲ့ တောင်တက်အဖွဲ့ဟာ အိန္ဒိယရဲ့ ဒုတိယအမြင့်ဆုံး တောင်ဖြစ်တဲ့ နန်ဒါဒေဗီ တောင်နားက တောင်ခြေစခန်းကို ပြန်ရောက်မလာဘဲ မေ ၃၁ ရက်တည်းက ပျောက်ဆုံးနေပါတယ်။
2 years Ago
Up