ဟာဝိုင်အီကျွန်းရှိ မီးတောင်ချော်ရည်အိုင်ကို ရိုက်ကူးထားသည့်ရုပ်သံ ဖြန့်ချိ

A d v e r t i s e m e n t With Us

September 14, 2016

ဟာဝိုင်အီကျွန်းရှိ မီးတောင်ချော်ရည်အိုင်ကို ရိုက်ကူးထားသည့်ရုပ်သံ ဖြန့်ချိ

အမေရိကန်နိုင်ငံ ဟာဝိုင်ယီကျွန်းပေါ် ကီးလိုအေအာ မီးတောင်ထိပ်က ချော်ရည်အိုင်ကို ရိုက်ကူးထားတဲ့ ရုပ်သံကို အမေရိကန် ဘူမိဗေဒစစ်တမ်း (USGS) က ဖြန့်ချိလိုက်ပါတယ်။ ဒါဟာ ၂၀၁၅ မေလနောက်ပိုင်းမှာ ပထမဆုံး တွေ့ရတဲ့ အခြေအနေပါ။ ချော်ရည်အိုင် တောင်ဘက်စွန်းမှာ ပွက်ပွက်ဆူနေတာကို ပြထားတယ်လို့ USGS က ပြောပါတယ်။ တခြား သေးငယ်တဲ့ ဖြစ်ရပ်တွေနဲ့အတူ အနည်းဆုံး ငလျင်တကြိမ်ကို ခံစားရတယ်လို့ USGS က ဆိုပါတယ်။ ဒီမီးတောင်ဟာ ကမ္ဘာ့အလှုပ်ရှားဆုံး မီးတောင်တွေထဲက တခုဖြစ်ပြီး ဟာဝိုင်အီကျွန်းရဲ့ အရှေ့တောင်စွန်းမှာ ရှိပါတယ်။ ကျယ်ပြီး တိမ်တဲ့ မီးတောင်အူကြောင်းဟာ ၃ မိုင်လောက်ရှည်ပြီး ၂ မိုင် ကျယ်သလို အနက်က ပေ ၅၀၀ လောက်ရှိတယ်လို့ ဗြိတိန်စွယ်စုံကျမ်းက ဆိုပါတယ်။ ပေါက်ကွဲမှုဖြစ်ချိန်မှာ ၂၄ နာရီမပြည့်မီ အချိန်အတွင်း ချော်ရည်တွေဟာ မိုင်ဝက်ထိ ရောက်နိုင်တယ်လို့ မျက်မြင်သက်သေတဦးက ပြောပါတယ်။
4 years Ago
Up