ဟာဝိုင်ရီ

A d v e r t i s e m e n t With Us

July 13, 2019

ဟာဝိုင်ရီပြည်နယ်တွင် တောမီးအကြီးအကျယ် လောင်နေ

အမေရိကန်နိုင်ငံ ဟာဝိုင်ရီပြည်နယ် မောင်ဝီမြို့မှာ တောမီးအကြီးအကျယ်လောင်နေတာကို ဇူလိုင် ၁၁ ရက်နေ့မှာ ခရီးသည်တင်လေယာဉ်ပေါ်ကနေ ဗွီဒီယိုရိုက်ကူးခဲ့ပါတယ်။ တောမီးလောင်နေတဲ့အတွက် ထောင်ချီတဲ့ ဒေသခံတွေကို ဘေးလွတ်ရာပြောင်းဖို့ ညွှန်ကြားထားပါတယ်။ တောမီးကြောင့် ဧက ၃၀၀၀ မီးလောင်ကျွမ်းခဲ့တယ်လို့ မောင်ဝီမြို့တော်ဝန်က သတင်းစာရှင်းလင်းပွဲမှာပြောပါတယ်။ မြို့တော်ဝန်က မီးသတ်သမားတွေဟာ တောမီးအခြေအနေကို ညလုံးပေါက် စောင့်ကြည့်နေပေမယ့် အမှောင်ထဲမှာ ငြိမ်းသတ်ရတာက အန္တရာယ်များလွန်းတယ်လို့လည်း ပြောခဲ့ပါတယ်။ နောက်ထပ် သဘာဝဘေးအန္တရာယ်ဖြစ်တဲ့ အပူပိုင်းမုန်တိုင်း ဘာရီကလည်း နယူးအော်လင်းမြို့ကို ၀င်ရောက်မယ်လို့ သတိပေးထားပါတယ်။ အဲဒီမုန်တိုင်းဟာ ၂၀၁၉ ခုနှစ်အတွက် ပထမဆုံး အတ္တလန္တိတ် ဟာရီကိန်း ဖြစ်ဖွယ်ရှိပါတယ်။ ဒါကြောင့်မို့ ဇူလိုင် ၁၂ ရက်နေ့မှာ အာဏာပိုင်တွေက ဒေသခံတွေကို ရိက္ခာတွေ သိုလှောင်ပြီး အမိုးအကာအောက်နေကြဖို့ နှိုးဆော်ထားပါတယ်။ အဲဒီမုန်တိုင်း ဟာရီကိန်းအဆင့် မရောက်သေးပေမယ့် တချို့နေရာတွေမှာ မိုးရေချိန် ၂၅ လက်မအထိ ရွာနိုင်ပြိး မစ္စစ္စပီမြစ်အောက်ပိုင်းမှာ ရေကြီးမှု ဖြစ်ပေါ်နေတယ်လို့ ပြောပါတယ်။
2 years Ago
Up