ဟားလ်စီးတီးကို ရှုံးသော်လည်း နှစ်ကျော့ပေါင်းရလဒ်ဖြင့် မန်ယူ လိဂ်ဖလား ဗိုလ်လုပွဲတက်

January 27, 2017

ဟားလ်စီးတီးကို ရှုံးသော်လည်း နှစ်ကျော့ပေါင်းရလဒ်ဖြင့် မန်ယူ လိဂ်ဖလား ဗိုလ်လုပွဲတက် (ရုပ်သံဟိုက်လိုက်)

အင်္ဂလန် လိဂ်ဖလား ဆီမီးဖိုင်နယ် ဒုတိယအကျော့ပွဲစဉ်အဖြစ် ဟားလ်စီးတီးနဲ့ မန်ယူတို့ ဇန်နဝါရီ ၂၆ ရက်ညက ယှဉ်ပြိုင်ရာ ဟားလ်စီးတီးက ၂ ဂိုး ၁ ဂိုးနဲ့ အနိုင်ရသွားပါတယ်။ ဇန်နဝါရီ ၁၁ ရက်က ဒီနှစ်သင်းယှဉ်ပြိုင်တဲ့ ပထမအကျေ့ပွဲစဉ်မှာတော့ မန်ယူက ၂ ဂိုး ဂိုးမရှိနဲ့ အနိုင်ရခဲ့တဲ့အတွက် နှစ်ကျော့ပေါင်းရလဒ် ၃ ဂိုး ၂ ဂိုးနဲ့ မန်ယူ နောက်ဆုံးဗိုလ်လုပွဲကို တက်လှမ်းနိုင်ခဲ့ပါတယ်။ ဒီပွဲမှာ မန်ယူက အီဘရာဟီမိုဗစ်ခ်ျ၊ ပေါ့ဂ်ဘာ၊ ရပ်ရှ်ဖို့ဒ်၊ ကာရစ်၊ ဟာရဲရား၊ လင်ဂတ်၊ စမောလင်း စတဲ့ ကစားသမားတွေနဲ့ ပွဲထွက်လာခဲ့ပေမယ့် ကစားကွက် အသာစီးမရခဲ့ပါဘူး ဟားလ်စီးတီးဟာ ပထမအကျော့မှာ ရှုံးနိမ့်ခဲ့တဲ့အတွက် အိမ်ကွင်းမှာ ယှဉ်ပြိုင်ရတဲ့ ဒီ ဒုတိယအကျော့ပွဲစဉ်မှာ အကောင်းဆုံးပုံစံနဲ့ ယှဉ်ပြိုင်သွားနိုင်ခဲ့ပါတယ်။ အဖွင့်ဂိုးကို ဟားလ်စီးတီးက ရရှိသွားပြီး ပွဲချိန် ၃၅ မိနစ်မှာ ဟက်ဒယ်လ်စတုန်းက ပယ်နယ်တီမှ တဆင့် သွင်းယူခဲ့ပြီး ပထမပိုင်းမှာ ဟားလ်စီးတီးက ၁ ဂိုး ဂိုးမရှိနဲ့ ဦးဆောင်ထားနိုင်ပါတယ်။ ဒီပွဲမှာ ဘောလုံးပိုင်ဆိုင်မှုရော၊ ဂိုးကန်သွင်းခွင့်တွေမှာပါ ဟားလ်စီးတီးက အသာရခဲ့ပါတယ်။ ပွဲချိန် ၆၆ မိနစ်မှာ ပေါ့ဂ်ဘာက ဟားလ်စီးတီး ဂိုးဧရိယာအတွင်း အနီးကပ်ပိတ်သွင်းပြီး မန်ယူအတွက် ချေပဂိုး သွင်းယူပေးခဲ့ပေမယ့် ၈၅ မိနစ်မှာ နီယာစီက ဟားလ်စီးတီးအတွက် ဒုတိယဂိုး သွင်းယူခဲ့ပါတယ်။ မန်ယူဟာ နှစ်ကျေ့ပေါင်းရလဒ် ၃ ဂိုး ၂ ဂိုးနဲ့ ဗိုလ်လုပွဲ တက်ရောက်နိုင်ခဲ့တဲ့အတွက် တဘက်မှာ လီဗာပူးကို အနိုင်ယူပြီး ဗိုလ်လုပွဲတက်လာတဲ့ ဆောက်သမ်တန်နဲ့ လာမယ် ဖေဖော်ဝါရီ ၂၆ ရက်နေ့မှာ ဗိုလ်လုပွဲ ယှဉ်ပြိုင်ရမှာ ဖြစ်ပါတယ်။
5 years Ago
Up