ဟားမတ်စ်အဖွဲ့

January 14, 2018

ဟားမတ်စ်အဖွဲ့ တူးထားသည့် မြေအောက်ဥမင်လိုဏ်ခေါင်းကို ဖျက်ဆီး

ဂါဇာကနေ အစ္စရေးနဲ့ အီဂျစ်အထိ ဟားမတ်စ်အဖွဲ့ တူးထားတဲ့ ဥမင်လိုဏ်ေခါင်းတခုကို ဖျက်ဆီးပစ်ခဲ့တယ်လို့ အစ္စရေးစစ်ဘက်က  ဇန်န၀ါရီ ၁၄ ရက်နေ့မှာ ပြောကြားလိုက်ပါတယ်။ ဇန်န၀ါရီ ၁၃ ရက်က အစ္စရေး ဂျက်လေယာဉ်တွေဟာ အစ္စရေးနဲ့ အီဂျစ်နယ်စပ်အနီးရှိ ရက်ဖ်ဖာမြို့ တောင်ပိုင်းကို ဗုံးကြဲခဲ့တယ်လို့ ဂါဇာဒေသခံတွေက ဆိုပါတယ်။ ဂါဇာနယ်စပ် ကုန်ပစ္စည်းတင်ပို့ရာ လမ်းကိုလည်း ပိတ်ထားပါတယ်။ “အဲဒီ ဥမင်လိုဏ်ခေါင်းဟာ အကြမ်းဖက်မှုအတွက်  တူးထားတယ်လို့ နားလည်ထားပါတယ်။ အကြောင်းကတော့  အဲဒီ ဥမင်ဟာ ဗျူဟာမြောက် အဆောက်အဦတွေ အောက်မှာ တူးထားတာပါ” လို့  အစ္စရေး စစ်ဘက် ပြောခွင့်ရ ပုဂ္ဂိုလ်တဦးက ဆိုပါတယ်။ အဲဒီ မြေအောက်ဥမင်ဟာ ၁ မိုင်လောက် ရှည်လျားပြီး ကယ်ရမ်ရှာလုံ နယ်စပ် အနက်ပေ ၂၆၀ လောက်မှာ တူးထားတယ်ဖြစ်တယ်လို့ အဆိုပါ ပြောခွင့်ရ ပုဂ္ဂိုလ်ကို ကိုးကားပြီး ရိုက်တာသတင်းမှာ ဖော်ပြထားပါတယ်။
4 years Ago
Up