ဟားစီးတီးနှင့် သရေကျပြီး မန်ယူ အမှတ်ပေးဇယား အဆင့် ၆ တွင် ဆက်လက်ရပ်တည်

February 2, 2017

ဟားစီးတီးနှင့် သရေကျပြီး မန်ယူ အမှတ်ပေးဇယား အဆင့် ၆ တွင် ဆက်လက်ရပ်တည် (ရုပ်သံဟိုက်လိုက်)

ပရီးမီးယားလိဂ်ပွဲစဉ် ၂၃ အဖြစ် မန်ယူနဲ့ ဟားစီးတီးတို့ ဖေဖော်ဝါရီ ၁ ရက်ညက ယှဉ်ပြိုင်ရာ တဘက်နဲ့တဘက် ဂိုးမသွင်းနိုင်ကြဘဲ သရေကျသွားပါတယ်။ မန်ယူဟာ အိမ်ကွင်းမှာ ကန်ရတဲ့ ဒီပွဲ အနိုင်ရရေးအတွက် အဓိက ကစားသမား အစုံအလင်နဲ့ ပွဲထွက်လာခဲ့ပြီး ဘောလုံးပိုင်ဆိုင်မှုရော ဂိုးကန်သွင်းခွင့်တွေမှာပါ အသာစီးရခဲ့ပေမယ့် ဟားစီးတီးဂိုးသမား အကောင်းဆုံးကာကွယ်နိုင်ခဲ့လို့ လိုအပ်တဲ့အနိုင်ဂိုး မရဘဲ ဖြစ်ခဲ့တာပါ။ မန်ယူနည်းပြ မော်ရင်ဟိုက "ဒီပွဲမှာ ကျနော်တို့ ဂိုးမသွင်းနိုင်ခဲ့တဲ့အတွက် နိုင်ပွဲရဖို့ မဖြစ်နိုင်ပါဘူး။ သူတို့ ဂိုးသမားက အကောင်းဆုံး စွမ်းဆောင်ရည်နဲ့ ကာကွယ်မှုတွေ ပြုလုပ်သွားနိုင်ခဲ့ပါတယ်" လို့ ပွဲအပြီးမှာ ပြောသွားပါတယ်။ ဒီပွဲ သရေကျတဲ့မန်ယူအသင်းဟာ ရမှတ် ၄၂ မှတ်နဲ့ အမှတ်ပေးဇယား အဆင့် ၆ မှာ ဆက်လက်ရပ်တည်နေပြီး ဟားစီးတီးကတော့ ၁၇ မှတ်နဲ့ တန်းဆင်းဇုန် အဆင့် ၁၉ မှာ ရပ်တည်နေပါတယ်။
4 years Ago
Up