ဟားဂရေ့ဗ်

September 29, 2021

ဖရီးကစ်ပေးရချိန် ခန္ဓာကိုယ်လဲလျောင်း တားဆီးခဲ့သည့် မက်ဆီကို ဖာဒီနန်နှင့် ဟားဂရေ့ဗ်တို့ အံ့အားသင့်

မနေ့ညက ကန်သွားတဲ့ မန်စီးတီးနဲ့ ချန်ပီယံလိဂ် ပွဲစဉ်မှာ တိုက်ရိုက်ဖရီးကစ်ပေးရချိန် ခန္ဓာကိုယ်ကို လဲလျောင်းပြီး ကာကွယ်ခဲ့တဲ့ မက်ဆီရဲ့ လုပ်ရပ်အပေါ် အံ့အားသင့်မိတယ်လို့ အားကစားသုံးသပ်သူ ဖာဒီနန်နဲ့ အိုဝင်ဟားဂရေ့ဗ်တို့က ပြောပါတယ်။

သူတို့နှစ်ဦးဟာ BT Sport မှာ သုံးသပ်စကားဆိုချိန်မှာ မက်ဆီရဲ့ လုပ်ရပ်အတွက် မယုံနိုင်အောင်ဖြစ်မိကြောင်း ဆိုခဲ့ကြတာပါ။

မက်ဆီဟာ မန်စီးတီးက တိုက်ရိုက်ဖရီးကစ်ရချိန်မှာ မာရက်ဇ်ရဲ့ ကိုက် ၂၀ အကွာက ကန်သွင်းချက်ကို ကာကွယ်ဖို့အတွက် လူတံတိုင်းအနောက်က မြက်ခင်းပြင်ပေါ်မှာ ခန္ဓာကိုယ်ကို လဲလျောင်းပြီး ကာကွယ်ဖို့ ပြင်ဆင်ခဲ့တာပါ။

မာရက်ဖ်က ကန်သွင်းရာမှာတော့ ဂိုးဘားပေါ် ကျော်ခဲ့ပါတယ်။ ဖာဒီနန်ကတော့ အဲဒီမြင်ကွင်းဟာ မက်ဆီကို မလေးစားရာရောက်ပြီး သူသာ ပီအက်စ်ဂျီ ကစားသမားတစ်ဦးဆိုရင် မက်ဆီ အစားဝင်ပြီး ကာကွယ်ပေးမှာဖြစ်ကြောင်း ဖာဒီနန်က  မှတ်ချက်ပေးခဲ့တာပါ။

မက်ဆီက သမိုင်းတလျှောက် အကောင်းဆုံးကစားသမားတစ်ဦးဖြစ်ပြီး မြက်ခင်းပြင်ပေါ် လဲလျောင်းပြီး ကာကွယ်ခဲ့တာကို မယုံကြည်နိုင်အောင်ဖြစ်မိတယ်လို့ ဟားဂရေ့ဗ်ကလည်း မှတ်ချက်ပေးခဲ့ပါတယ်။

1 year Ago
Up