ဟာ့ဂ်ျဘုရားဖူး

August 21, 2018

ဆော်ဒီတွင် ဟာ့ဂ်ျ ဘုရားဖူးခရီးစဉ်အဖြစ် လူ ၂ သန်းခန့် ရောက်ရှိနေ

ဆော်ဒီအာရေဗျနိုင်ငံ အနောက်ပိုင်းက မွတ်ဆလင်တို့ရဲ့ ဘာသာရေး အထွတ်အမြတ်မြို့ မက္ကာနားမှာ ကမ္ဘာတလွှားက ဘုရားဖူး အယောက် ၂ သန်းနီးပါး ဟာ့ဂ်ျ ဘုရားဖူးခရီးစဉ်အတွက် ရောက်ရှိနေကြပါတယ်။ သန်းနဲ့ချီတဲ့ လူအုပ်ကြီးဟာ စတည်းချရာနေရာရဲ့ အပြင်ဘက်မှာ စားကြ အိပ်ကြလို့ သူတို့ရဲ့ကျန်းမာရေးအတွက် အန္တရာယ်ရှိတယ်လို့ ဆိုပါတယ်။ ဒါကြောင့် ဆော်ဒီ အာဏာပိုင်တွေက သူတို့ကို ကာကွယ်ဆေးထိုးပေးဖို့ စီစဉ်ထားတယ်လို့ ဗွီအိုအေသတင်းဌာနက ပြောပါတယ်။ ကျန်းမာရေးအရာရှိ အယောက် ၃ သောင်းကို ဆေးရုံ ၂၅ ခုမှာ တာဝန်ချထားပြီး အခမဲ့ ကျန်းမာရေးစောင့်ရှောက်ဖို့နဲ့ ကာကွယ်ဆေးထိုးပေးဖို့ စီစဉ်ထားတယ်လို့ ဆော်ဒီ ကျန်းမာရေးဝန်ကြီးက ပြောပါတယ်။
5 years Ago
Up