ဟာသနှောပြော

February 3, 2018

သမ္မတ ရွေးကောက်ပွဲ ရှုံးနိမ့်ရင် လယ်သမားဖြစ်လာမည်ဟု ပူတင် ဟာသနှောပြော

နောက်လာမယ့် သမ္မတရွေးကောက်ပွဲမှာ ရှုံးခဲ့ရင် လယ်သမား ဖြစ်လာမယ်လို့ ရုရှားသမ္မတ ဗလာဒီမာပူတင်က ဟာသနှော ပြောကြားလိုက်ပါတယ်။ မတ်လ ၁၈ ရက်နေ့ ပထမအချီ ရွေးကောက်ပွဲမှာ ဝင်ရောက်အရွေးခံမယ့် ရုရှခေါင်းဆောင်က လယ်ယာထွက်ပစ္စည်းတွေ ထုတ်လုပ်တဲ့ ရို့စ်စယ်မက်ရှ်လယ်တောကို အလည်အပတ်သွားခဲ့တုန်း သုတေသန လုပ်မယ့် ကောက်ရိတ်စက်ကို တွေ့ခဲ့တာဖြစ်ပြီး ကောက်ပဲသီးနှံအမျိုးမျိုးကို ဘယ်လို ရိတ်သိမ်းမယ်ဆိုတာ လယ်လုပ်သားတွေ သင်ယူနိုင်မယ့် ကောက်ရိတ်စက်အသစ်ကို အသက် ၆၅ နှစ်အရွယ် သမ္မတက ထူးထူးခြားခြား စိတ်ဝင်စားခဲ့တာပါ။ ကောက်ရိတ်စက်သစ် ဘယ်လိုသုံးရမယ်ဆိုတာ ပြသပြီးတဲ့နောက် စက်သစ်ရဲ့ စတီယာတိုင်နောက်မှာ ရှိနေတဲ့ သမ္မတပူတင်ကိုလည်း ရုပ်သံထဲမှာ တွေ့ရပါတယ်။ စက်ရုံကိုယ်စားလှယ်တွေက သမ္မတကို “ဒီသင်တန်းရဲ့ ရည်ရွယ်ချက်က လယ်တောတွေ အားလုံးက ကောက်ပဲသီးနှံတွေကို ရိတ်သိမ်းပြီး ကန်ကြီးတွေထဲ ထည့်ဖို့” လို့ ရှင်းပြနေချိန် စက်က ပြောင်းတွေကို ရိတ်သိမ်းနေတာ ရုပ်သံထဲမှာ မြင်ရပါတယ်။ လယ်တောထဲမှာ ဓာတ်ပုံဆရာတွေက ဝိုင်းနေသလို ကုမ္ပဏီသူဌေးတွေကလည်း တကယ့် စမ်းသပ်တီထွင်ထားတဲ့ ကောက်ရိတ်စက်သစ်ကို ဘယ်လို ထိန်းချုပ်ရမယ်ဆိုတာ ပူတင်ကို ပြသနေပြီး ပူတင်က “အကယ်၍ တစုံတခု အဆင်မပြေခဲ့ရင် မတ်လ ၁၈ ရက် ပြီးရင်တော့ ကျနော် ကောက်ရိတ်စက် မောင်းတဲ့သူအဖြစ် စလုပ်မယ်” လို့ ပူတင်က ဟာသပြောခဲ့ပါတယ်။ ဒါပေမယ့်လည်း နိုင်ငံရေး ကျွမ်းကျင်သူအများစုက လာမယ့်သမ္မတ ရွေးကောက်ပွဲမှာ ပူတင်က ထိပ်ပိုင်းခေါင်းဆောင်အနေနဲ့ အရွေးခံမှာ ဖြစ်လို့ လယ်ယာတော လုပ်ငန်းအခွင့်အရေးက နည်းပါးပါတယ်လို့ သုံးသပ်ကြကြောင်း မေရာသတင်းမှာ ဖေဖော်ဝါရီ ၂ ရက်နေ့က ဖော်ပြထားပါတယ်။
4 years Ago
Up