ဟာသတွေ၊ အက်ရှင်တွေပဲ သရုပ်ဆောင်တတ်လို့ မထင်စေချင်ဘူး - ဂျက်ကီချန်း

October 7, 2017

ဟာသတွေ၊ အက်ရှင်တွေပဲ သရုပ်ဆောင်တတ်တယ်လို့ မထင်စေချင်ဘူး - ဂျက်ကီချန်း

ကမ္ဘာကျော်အက်ရှင်သရုပ်ဆောင် ဂျက်ကီချန်းဟာ သူ့ရဲ့နောက်ဆုံးရိုက်ကူးထားတဲ့ “တိုင်းတပါးသား (The Foreigner) လို့ နာမည်ပေးထားတဲ့ ရုပ်ရှင်ကားကို ပွဲကြိုပြသတဲ့ပွဲကို အောက်တိုဘာလ ၅ ရက်က ရောက်ရှိခဲ့ပါတယ်။ ဂျက်ကီချန်းက “ကျနော်ဟာ ဟာသတွေ၊ အက်ရှင်တွေ စတန့်ကားတွေပဲ သရုပ်ဆောင်တတ်တယ်လို့ ကျနော့်ရဲ့ ပရိသတ်ကို မထင်စေချင်ပါဘူး။ ကျနော်ဟာ ရောဘတ်ဒီနီရိုလို သရုပ်ဆောင်အစစ်ဖြစ်ချင်တာ။ ဘာဖြစ်လို့လဲဆိုတော့ အက်ရှင်မင်းသားရဲ့ သက်တမ်းက တော်တော်တိုပါတယ်။ ကျနော်လည်း အသက်မငယ်တော့ပါဘူး။ ဒါကြောင့် ဒီ တိုင်းတပါးသား (The Foreigner) ဆိုတဲ့ ကားကိုရိုက်ဖို့ ရွေးချယ်ခဲ့တာပါ။ ပရိသတ်တွေလည်း ဂျက်ကီချန်းရဲ့ တခြားမျက်နှာစာကို တွေ့ရဖို့ မျော်လင့်ပါတယ်။ ကျနော့်က ချတတ်ရုံတင်မကဘူး၊ သရုပ်လည်းဆောင်တတ်တယ်၊ သီချင်းလည်းဆိုတတ်ပါတယ်” လို့ ပြောဆိုသွားပါတယ်။
4 years Ago
Up