ဟာသာဘာလင် ၂-၂ ဘိုင်ယန်မြူးနစ် (ရုပ်သံ)

October 2, 2017

ဟာသာဘာလင် ၂-၂ ဘိုင်ယန်မြူးနစ် (ရုပ်သံ)

မနေ့ညက ယှဉ်ပြိုင်သွားတဲ့ ဂျာမန်ဘွန်ဒတ်စ်လီဂါပွဲစဉ်မှာ နာမည်ကြီး ဘိုင်ယန်မြူးနစ်က ဟာသာဘာလင်နဲ့ ၂ ဂိုးစီ သရေကျသွားပါတယ်။ နည်းပြ အန်စလော့တီ အထုတ်ခံရအပြီး ပထမဆုံးပွဲမှာ သရေကျသွားတာပါ။ ဘိုင်ယန်အတွက် ဦးဆောင်ဂိုးကို ပွဲအစ ၁၀ မိနစ်မှာ ဟမ်းမဲလ်က သွင်းယူပါတယ်။ ဒုတိယဂိုးကို ဟာသာဘာလင် နောက်တန်းရဲ့ အမှားကနေ တိုက်စစ်မှူး လီဝမ်းဒေါ့စကီးက သွင်းယူပါတယ်။ အဝေးကွင်းမှာ ဘိုင်ယန်မြူးနစ်က ဦးဆောင်ဂိုးတွေ သွင်းပြီးမှ ဟာသာဘာလင်က နောက်ကနေ လိုက်ကစားပြီး သရေကျသွားတာပါ။ ပထမ ချေပဂိုးကို ၅၁ မိနစ်မှာ ဒူဒါက သွင်းယူပါတယ်။ ဒုတိယချေပဂိုးကိုလည်း ဘိုင်ယန်နောက်တန်း အမှားကနေ ကာလူးက သွင်းယူပြီး သရေကျသွားပါတယ်။   ဒီပွဲသရေကျလို့ ဘိုင်ယန်က ၁၄ မှတ်နဲ့ အမှတ်ပေးဇယားရဲ့ အဆင့် ၂ မှာ ရှိနေပြီး ဟာသာဘာလင်ကတော့ ၉ မှတ်နဲ့ အဆင့် ၁၀မှာ ရပ်တည်နေပါတယ်။
4 years Ago
Up