ဟာသာဘာလင်

A d v e r t i s e m e n t With Us

March 17, 2019

ဒေါ့မွန်က ဟာသာဘာလင်ကို ၃ ဂိုး ၂ ဂိုးဖြင့် အနိုင်ရ (ရုပ်သံဟိုက်လိုက်)

မနေ့ညက ယှဉ်ပြိုင်သွားတဲ့ ဂျာမန်ဘွန်ဒတ်စ်လီဂါ ပွဲစဉ်မှာ ဒေါ့မွန်က ဟာသာဘာလင်ကို ၃ ဂိုး ၂ ဂိုးနဲ့ အနိုင်ရသွားပါတယ်။ ဒီပွဲမှာ ဟာသာဘာလင်အတွက် ဦးဆောင်ဂိုးကို ပွဲအစ ၃ မိနစ်လောက်မှာ တိုက်စစ်မှူး ကာလူးက သွင်းယူပါတယ်။ ဒေါ့မွန်အတွက် ချေပဂိုးကို ၁၄ မိနစ်မှာ ဒီလာနေးက သွင်းယူပါတယ်။ အိမ်ရှင် ဟာသာဘာလင်အတွက် ဒုတိယဂိုးကို ပင်နယ်တီကနေ တိုက်စစ်မှူး ကာလူးကပဲ သွင်းယူပါတယ်။ ဒီပွဲမှာ ဒေါမွန်က ထိုးဖောက် ကန်သွင်းခွင့်တွေ ပိုရခဲ့ပါတယ်။ ဒုတိယ ချေပဂိုးကို ၄၇ မိနစ်မှာ ဇာဂါဒူးက ခေါင်းတိုက်သွင်းယူပါတယ်။ ၈၅ မိနစ်လောက်မှာ ဟာသာဘာလင် ကစားသမား ဖျက်တာကြမ်းလို့ နှစ်ဝါတနီနဲ့ အထုတ်ခံလိုက်ရပါတယ်။ ပွဲကစားချိန် ၉၂ မိနစ်လောက်မှာ ဒေါ့မွန်အတွက် အနိုင်ဂိုးကို မာကို့ ရုစ်က သွင်းယူပါတယ်။ ဒီပွဲနိုင်တဲ့ ဒေါ့မွန်က အမှတ် ၆၀ နဲ့ အမှတ်ပေးဇယားကို ဦးဆောင်နေပြီး ဟာသာဘာလင်ကတော့ အဆင့် ၁၀ မှာ ရပ်တည်နေပါတယ်။
2 years Ago

September 29, 2018

ဟာသာဘာလင်က ဘိုင်ယန်မြူးနစ်ကို ၂-၀ ဂိုးဖြင့် အနိုင်ရ

မနေ့ညက ယှဉ်ပြိုင်သွားတဲ့ ဂျာမန်ဘွန်ဒတ်စ်လီဂါပွဲစဉ်မှာ  ဟာသာဘာလင်က နာမည်ကြီး ဘိုင်ယန်မြူးနစ်ကို ၂ ဂိုးပြတ်နဲ့ အနိုင်ရသွားပါတယ်။ ဘိုင်ယန်မြူးနစ်အတွက်တော့ ရှုံးပွဲမရှိ စံချိန်တွေ ရပ်တန့်သွားပါတယ်။ ဟာသာဘာလင်အတွက် ဦးဆောင်ဂိုးကို ၂၃ မိနစ်မှာ ပင်နယ်တီကနေတဆင့် အိုဘီဆီဘစ်က သွင်းယူပါတယ်။ ချန်ပီယံ ဘိုင်ယန်မြူးနစ်က တဖက်သတ် ဘောလုံးပိုင်ဆိုင်မှု အသာစီးယူနိုင်သလို ထိုးဖောက် ကန်သွင်းခွင့်တွေ ပိုရပေမယ့် ဂိုးအဖြစ် မပြောင်းလဲနိုင်ခဲ့ပါဘူး။ အိမ်ရှင် ဟာသာဘာလင်အတွက် ဒုတိယဂိုးကို ၄၄ မိနစ်မှာ ဒူဒါက သွင်းယူပါတယ်။ နောက်ပိုင်း မိနစ်တွေမှာ ဘိုင်ယန် အခွင့်အရေး ရပေမယ့် အသုံးမချနိုင်လို့ အရှုံးပေးလိုက်ရပါတယ်။ ဟာသာဘာလင်အတွက်တော့ ၉ နှစ်အတွင်းမှာ ပထမဆုံးအကြိမ်အဖြစ် ဘိုင်ယန်မြူးနစ်ကို အနိုင်ရတာ ဖြစ်ပါတယ်။
2 years Ago
Up