ဟာသသရုပ်ဆောင် ဇာဂနာ

April 6, 2021

ဟာသသရုပ်ဆောင် ဇာဂနာအဖမ်းခံရ

ဟာသသရုပ်ဆောင် လူရွှင်တော် ဇာဂနာ (ခ) ဦးသူရကို ရန်ကုန်မြို့ တာမွေမြို့နယ် ၁၆၆ လမ်းထဲမှာရှိတဲ့ သူ့ရဲ့နေအိမ်မှာ  ဧပြီ ၆ ရက် ဒီနေ့ မနက်ပိုင်းက  ရဲနဲ့စစ်တပ်က စစ်ကား ၂ စီးနဲ့ ရောက်ရှိလာပြီး လာရောက်ခေါ်ဆောင်သွားခဲ့တယ်လို့ သိရပါတယ်။

ဇာဂနာရဲ့ လုပ်ဖော်ကိုင်ဖက် ဟာသသရုပ်ဆောင် ငှက်ပြောကြော်ကလည်း သူ့ရဲ့ လူမှုကွန်ရက်ပေါ်မှာ ဟာသသရုပ်ဆောင် ဇာဂနာ အဖမ်းခံရကြောင်း ရေးသားထားပါတယ်။

 ရာဇသတ်ကြီးပုဒ်မ ၅၀၅-က နဲ့ အမှုဖွင့်လှစ်ခံထားရတဲ့ အနုပညာရှင်တွေ စာရင်းမှာတော့  ဇာဂနာရဲ့ အမည်ပါဝင်ခြင်းမရှိသေးပါဘူး။ 

8 months Ago
Up