ဟာသပျက်လုံးထုတ်နိုင်သည့် လိင်ဆက်ဆံဖော် အရုပ်မလေး ဆမန်သာ

September 25, 2017

ဟာသပျက်လုံးထုတ်နိုင်သည့် လိင်ဆက်ဆံဖော် အရုပ်မလေး ဆမန်သာ

ဦးနှောက်ဉာဏ်ရည်ပါဝင်ပြီး ဟာသပျက်လုံးထုတ် စကားပြောဆိုနိုင်တဲ့ လိင်ဆက်ဆံဖော် အရုပ်မကို ဆမန်သာလို့ အမည်ပေးထားပြီး ဗြိတိန်နိုင်ငံမှာ စတင်ရောင်းချတော့မယ်လို့ မေရာသတင်းတပုဒ်မှာ စက်တင်ဘာ ၂၄ ရက်နေ့က ဖော်ပြပါတယ်။ လူသားနဲ့စက်ရုပ်ကြား အပြန်အလှန် ဆက်နွယ်နိုင်မယ့် ဒီလိင်ဆက်ဆံဖော်အရုပ်ကို ပေါင် ၃၅၀၀ နဲ့ ဝယ်ယူနိုင်မှာဖြစ်ပြီး ဗြိတိန်နိုင်ငံရဲ့ လူကြီးသုံး လိင်အသုံးအဆောင်ပစ္စည်း အရောင်းဆိုင် ၂ ဆိုင်မှာ ရောင်းချသွားမှာ ဖြစ်ပါတယ်။ အဲဒီဆိုင် ၂ ဆိုင်ထဲက တဆိုင်ဖြစ်တဲ့ ဗိုင်ဗက်ဇ်အရောင်းဆိုင်ပိုင်ရှင် ထရေစီဝှစ်တ်မိုးရ်က ခုရရှိနိုင်မယ့် လိင်ဆက်ဆံဖော် အရုပ်မမှာ မိသားစုနဲ့ လိင်ပိုင်းဆိုင်ရာဆိုပြီး ရွေးချယ်နိုင်မယ့် အရာ ၂ ခု ပါဝင်တယ်လို့ ဆိုပါတယ်။ [caption id="attachment_230540" align="alignleft" width="347"]ဓာတ်ပုံ - REX/Shutterstock ဓာတ်ပုံ - REX/Shutterstock[/caption] “လိင်ဆက်ဆံဖော် အရုပ်တွေမှာ အမြဲတမ်းရှိခဲ့တဲ့ ပြဿနာတခုက အမှန်တကယ် စစ်မှန်မှု ရရှိစေရေးပါပဲ။ ရှင်တို့အနေနဲ့ ကာတွန်းရုပ်ပြဇာတ်ကောင်ပုံစံနဲ့တူတဲ့ အရုပ်တခုခုကို ပေါင် ၂၀ နဲ့ ၁၀၀ ကြား အသုံးပြုပြီး ရနိုင်ပါတယ်။ ဆမန်သာကတော့ ကွဲပြားခြားနားတဲ့ ပင်ကိုအရည်အသွေးတွေ ပိုင်ဆိုင်ထားပါတယ်။ မိသားစုဆိုတဲ့အရာကို ရွေးချယ်မယ်ဆိုရင် သူက အတွေးအခေါ်ပိုင်းဆိုင်ရာ အကြောင်းအချက်အလက်တွေနဲ့ အမျိုးမျိုးသော အရာတွေကို ပြောနိုင်မှာဖြစ်သလို ဟာသနှောတဲ့ ပျက်လုံးတွေကိုတောင် ထုတ်နိုင်မှာပါ။” ဆမန်သာကို အသုံးပြုဖို့ ယူအက်စ်ဘီကေဘယ်လ်ကြိုးနဲ့ အားသွင်းထားရမှာဖြစ်ပြီး လူသားဉာဏ်ရည်ကို ကွန်ပျူတာနည်းပညာနဲ့ တုပထားတဲ့ နည်းပညာကို ခံစားရစေမယ်လို့ ဆိုပါတယ်။ ဒီအရုပ်ကို တီထွင်သူကတော့ စပိန်နိုင်ငံသား ဆာ့ဂ်ျဆန်းတို့စ် ဦးဆောင်တဲ့ ကုမ္ပဏီတခုဖြစ်ပြီး တကမ္ဘာလုံး အရုပ်မပေါင်း ၃၀ ရောင်းချခဲ့ပြီးဖြစ်ကာ နောက်ပိုင်းမှာ အမျိုးသားရုပ်တွေကိုပါ ထုတ်လုပ်သွားနိုင်မယ်လို့ ပြောပါတယ်။ ထရေစီက “လူသားဉာဏ်ရည်ကို တုပထားတဲ့ ကွန်ပျူတာနည်းပညာဟာ တကယ့်ကို အံ့ဖွယ်သရဲပါပဲ။ သူ့ (ဆမန်သာ) မှာ ဦးနှောက်မှတ်ဉာဏ်ပါဝင်တယ်။ သူဟာ ရှင်တို့နဲ့ အပြန်အလှန် ဆက်သွယ်နိုင်မယ်။ လူတွေဆီကလည်း သင်ယူနိုင်တယ်” လို့ ပြောပါတယ်။ ဒီအရုပ်ကို ဝယ်ယူသူတွေက များသောအားဖြင့် အထီးကျန်ဆန်ဆန် ဘဝကို ဖြတ်သန်းနေသူတွေနဲ့ အဖော်လိုအပ်သူတွေ၊ လိင်ပိုင်းဆိုင်ရာ လိုအပ်ချက်ရှိသူတွေ ဖြစ်ကြတယ်လို့ သူက ဆိုပါတယ်။ လက်ရှိမှာတော့ ဆမန်သာကို ဗိုင်ဗက်ဇ်အရောင်းဆိုင်မှာ ဝယ်ယူလို့ရနိုင်နေပြီဖြစ်ကာ မှာယူမယ်ဆိုရင်တော့ အိမ်တိုင်ရာရောက် သီတင်းပတ် ၆ ပတ်အတွင်း ပို့ဆောင်ပေးနိုင်တယ်လို့ ပြောပါတယ်။
4 years Ago
Up