ဟာဝိုင်အီ

August 26, 2018

တိုင်ဖွန်းမုန်တိုင်းကြောင့် ဟာဝိုင်အီကျွန်းတွင် ရေကြီး

တိုင်ဖွန်းမုန်တိုင်း လိန်းကြောင့် သြဂုတ် ၂၄ ရက်နေ့ မနက်အစောပိုင်းမှာ ဟာဝိုင်အီကျွန်း၊ ဟီလို ပင်လယ်ကွေ့ကမ်းတလျှောက်မှာ ရေကြီးမှုတွေဖြစ်ခဲ့ပါတယ်။ တိုင်ဖွန်းမုန်တိုင်းလိန်းဟာ အပူပိုင်းမုန်တိုင်းအဖြစ် သြဂုတ် ၂၅ ရက်မှာ ဟာဝိုင်ကျွန်း တောင်ပိုင်းကို ဝင်ရောက်တိုက်ခတ်ခဲ့ပါတယ်။ မုန်တိုင်းဟာ ပစိဖိတ်သမုဒ္ဒရာရှိရာ အနောက်မြောက်-မြောက်ဘက်ကို ဆက်လက်ရွေ့လျား နေပေမယ့် မုန်တိုင်းကြောင့် ဟာဝိုင်အီကျွန်း တလျှောက်မှာ ရေကြီးမှုတွေ ဖြစ်ခဲ့တာပါ။ အသက်အန္တရာယ်ခြိမ်းခြောက်နိုင်တဲ့ ရုတ်တရက်ရေကြီးမှုနဲ့အတူ လေပြင်းတိုက်တာနဲ့ လေဆင်နှာမောင်း တိုက်တာတွေ ဖြစ်နိုင်သေးတယ်လို့ ဟာဝိုင်အီ မိုးလေဝသဌာနက ပြောပါတယ်။ ဟာဝိုင်အီကျွန်းမကြီးမှာတော့ မိုးသည်းမှုပြင်းပြင်း ထန်ထန်ဖြစ်ခဲ့ပြီး နေရာတချို့မှာ ရေကြီးတာတွေ ဖြစ်နိုင်တယ်လို့ မိုးလေဝသဌာနက ပြောထားပါတယ်။
3 years Ago
Up