မနေ့ညက ကစားသွားခဲ့တဲ့ ဘွန်ဒက်စ်လီဂါပွဲစဉ်မှာ ဒေါ့မွန်အသင်းက တိုက်စစ်မှူး ဟာလန်းရဲ့ ဂိုးတွေနဲ့အတူ လိုက်ဇစ်ကို ၃ ဂိုး ၁ ဂိုးနဲ့ အနိုင်ရ သွားပါတယ်။
နောက်ဆုံး ၅ ပွဲ ဆက်တိုက် ဂိုးမပေးခဲ့ရတဲ့ လိုက်ဇစ်အသင်းဟာ ဒုတိယပိုင်းအရောက်မှာ ဂိုးတွေ ခွင့်ပြုခဲ့ရတာဖြစ်ပါတယ်။
ဒုတိယပိုင်း ၅၅ မိနစ်မှာ ဆန်ချိုက ဒေါ့မွန်အတွက် ဦးဆောင်ဂိုးစတင်သွင်းယူနိုင်ခဲ့ပြီး ပွဲချိန် ၇၁ မိနစ်နဲ့ ၈၄ မိနစ် တွေမှာ တိုက်စစ်မှူးဟာလန်းက ၂ ဂိုးဆက်သွင်းခဲ့တာပါ။
လိုက်ဇစ်အတွက် ချေပဂိုးကိုတော့ ပွဲချိန်မိနစ် ၉၀ ရောက်မှာ ဆိုလော့က သွင်းယူခဲ့တာဖြစ်ပါတယ်။
ဒီနိုင်ပွဲကြောင့် ဇယားထိပ်ဆုံးက ဘိုင်ယန်နဲ့ လိုက်ဇစ်တို့ အမှတ်မရတဲ့အချိန်မှာ ဒေါ့မွန်အသင်းက အဆင့် ၄ နေရာကနေ ဖိအား ပေးနိုင်ခဲ့ပါတယ်။
ဒေါ့မွန်တိုက်စစ်မှူး ဟာလန်းအတွက်တော့ ဘွန်ဒက်စ်လီဂါ ၁၀ ပွဲမှာပဲ ၁၂ ဂိုးအထိ သွင်းယူထားနိုင်ပြီဖြစ်ပါတယ်။
2 months Ago