ဟာရီကိန်းမုန်တိုင်း

November 17, 2020

ကိုလံဘီယာတွင် ဟာရီကိန်းမုန်တိုင်းဂျော်တာ ဝင်တိုက်ခတ်သဖြင့် ထိခိုက်ပျက်စီး 

ဟာရီကိန်းမုန်တိုင်း ဂျော်တာကြောင့် ကိုလံဘီယာ ပရိုဗီဒန်စီယာကျွန်းရဲ့ အခြေခံအဆောက်အဦ ၉၈ ရာခိုင်နှုန်း ထိခိုက်ပျက်စီးခဲ့တယ်လို့ သမ္မတအီဗန်ဒူကေးက ပြောပါတယ်။  နောက်ပြီး ဒါဟာ ကိုလံဘီယာကို ပထမဆုံးအကြိမ် အင်အား အဆင့် ၅ ဟာရီကိန်း ဝင်ရောက်တာ ဖြစ်တယ်လို့လည်း သမ္မတ ဒူဗန်ကေးက ဆိုပါတယ်။  ဂျော်တာဟာ ညတွင်းချင်း အရှေ့မြောက်ပိုင်း နီကာရာဂွါနိုင်ငံကို ဝင်ရောက်မှာဖြစ်ပြီး လေတိုက်နှုန်း ၁ နာရီ မိုင် ၁၆၀ နှုန်း ရှိနေပါတယ်။  ဂျော်တာဟာ ဟာရီကိန်း အဆင့် ၅ ကို ရောက်သွားပြီလို့ အမေရိကန် အမျိုးသားဟာရီကိန်း စင်တာ (NHC)က ဖော်ပြပါတယ်။  ဗဟိုအမေရိကနဲ့ မက္ကဆီကိုတောင်ပိုင်းဟာ ပြီးခဲ့တဲ့သီတင်းနှစ်ပတ်ကပဲ ဟာရီကိန်း အီတာဒဏ်ကနေ လွတ်မြောက်ရုံ ရှိပါသေးတယ်။ ဟာရီကိန်း အီတာကြောင့်လည်း လူဒါဇင်ချီ သေဆုံးခဲ့ပြီး သီးနှံတွေ ပျက်စီးကာ တောင်စောင်းတွေ ရေစီးနဲ့ မျောပါခဲ့ပါတယ်။  မြို့အတော်များများ တချို့တဝက် ရေလွှမ်းနေပြီး အရင်မုန်တိုင်းကြောင့် မြေတွေဟာ  ရေဝပ်နေဆဲလို့ ရိုက်တာက ဆိုပါတယ်။
5 months Ago

August 29, 2020

အမေရိကန်တွင် ဟာရီကိန်းမုန်တိုင်းကြောင့် ၁၄ ဦး သေဆုံး၊ နေအိမ် ၅ သိန်းခန့် မီးပြတ်

အမေရိကန် တောင်ပိုင်းပြည်နယ်တွေကို ဟာရီကိန်းလော်ရာ ဝင်ရောက်ခဲ့ပြီးနောက် သေဆုံးသူ အရေအတွက်ဟာ ၁၄ ယောက် ဖြစ်လာတယ်လို့ သြဂုတ် ၂၉ ရက် ဘီဘီစီသတင်းမှာ ဖော်ပြပါတယ်။ သေဆုံးသူတွေက လူဝီစီယားနားပြည်နယ်က ၁၀ ယောက်နဲ့  တက္ကဆက်ပြည်နယ်က ၄ ယောက် ဖြစ်ပါတယ်။  မုန်တိုင်းလော်ရာဟာ လေတိုက်နှုန်း ၁ နာရီ မိုင် ၁၅၀ နှုန်းတိုက်ခဲ့တာကြောင့်  အပျက်အစီး များပြားတာ၊ နေအိမ် ၅ သိန်းကျော် လျှပ်စစ်မီး ပြတ်တောက်တာနဲ့  ဓာတုစက်ရုံတစ်ရုံ မီးလောင်တာတွေ ဖြစ်ခဲ့ပါတယ်။  လူဝီစီယားနားပြည်နယ် အုပ်ချုပ်ရေးမှူးက ဟာရီကိန်း နောက်ဆက်တွဲ  အကျိုးဆက်တွေကို ဖြေရှင်းဖို့အတွက် ငွေကြေးအကူအညီ ချက်ချင်းပေးအပ်ဖို့ ဖက်ဒရယ်အစိုးရထံ တောင်းဆိုထား ပါတယ်။ သမ္မတ ဒေါ်နယ်ထရမ့်ဟာလည်း ဟာရီကိန်းဒဏ်သင့် ပြည်နယ်နှစ်ခုကို သွားရောက်မယ်လို့ အိမ်ဖြူတော်က သတင်းထုတ်ပြန်ခဲ့ပါတယ်။
8 months Ago
More News
Up