ဟာရီကိန်းဆယ်လီ

September 17, 2020

ဟာရီကိန်းဆယ်လီ မက္ကဆီကိုသို့ ဝင်ရောက်

ဟာရီကိန်းဆယ်လီဟာ မက္ကဆီကို ပင်လယ်ကွေ့ကို စက်တင်ဘာ ၁၆ ရက်က ဝင်ရောက်ခဲ့ ပြီး လေပြင်းမုန်တိုင်းတွေ တိုက်ခတ်ခဲ့ပါတယ်။  ဟာရီကိန်းအဆင့် ၂ ဆယ်လီကြောင့် ရေကြီးရေလျှံတာတွေ အကြီးအကျယ်ဖြစ်စေပြီး ပင်လယ်ကွေ့ တချို့နေရာတွေမှာ  ရေအမြင့် ၃ ပေ နီးပါး မြင့်တက်နိုင်ပါတယ်။   ကုန်တွင်းပိုင်းကို ဟာရီကိန်း ဝင်ရောက်ချိန် တချို့နေရာတွေမှာ လေတိုက်နှုန်းတစ်နာရီ ၁၀၅ မိုင်အထိ ရှိခဲ့ပါတယ်။  ဟာရီကိန်းကြောင့် မက္ကဆီကို ပင်လယ်ကွေ့မြောက်ပိုင်းနေရာ တလျှောက်မှာ အသက် အန္တရာယ်ရှိတဲ့ ရေကြီးမှုအန္တရာယ် ရှိတယ်လို့လည်း အမျိုးသားဟာရီကိန်းစင်တာက အကြံပြုထား ပါတယ်။  ဟာရီကိန်းဆယ်လီကြောင့် အလာဘားမားနဲ့ ဖလော်ရီဒါပြည်နယ်တွေက နေအိမ်နဲ့ ရုံးခန်း ၅ သိန်းကျော် လျှပ်စစ်မီးပြတ်တောက်ခဲ့တယ်လို့ ရိုက်တာသတင်းက ဖော်ပြပါတယ်။
1 year Ago
Up