ဟာရီကိန်းဂျော်တာ

November 18, 2020

ဟာရီကိန်းဂျော်တာကြောင့် နီကာရာဂွါတွင် လူ ၆ ယောက်ထက်မနည်း သေဆုံး

ဟာရီကိန်းမုန်တိုင်း ဂျော်တာကြောင့် ဗဟိုအမေရိကဒေသမှာ လူ ၉ ယောက်ထက်မနည်း သေဆုံးပြီး နီကာရာဂွါမှာတော့ ၆ ယောက်ထက်မနည်း သေဆုံးတယ်လို့ ဒုသမ္မတက ပြောပါတယ်။  နိုဝင်ဘာ ၁၇ ရက်က နီကာရာဂွါကမ်းရိုးတန်းကို လှိုင်းလုံးကြီးတွေနဲ့ လေပြင်းတွေ ရိုက်ခတ်တိုက်ခတ်ခဲ့ပါတယ်။  နီကာရာဂွါကို ဝင်ရောက်တဲ့ မုန်တိုင်းတွေထဲမှာ အားအပြင်းဆုံး မှတ်တမ်းဝင်တဲ့  ဂျော်တာဟာ နိုဝင်ဘာ ၁၆ ရက်နှောင်းပိုင်းက ကမ်းခြေကို ဝင်ခဲ့တာပါ။  လေတိုက်နှုန်း ၁ နာရီ  ၁၅၅ မိုင် တိုက်ခတ်ပြီး လွန်ခဲ့တဲ့ သီတင်းနှစ်ပတ်ကမှ ဟာရီကိန်း အီတာဒဏ်က လွတ်မြောက်စ ရွာတွေမှာ ရေတွေကြီးခဲ့ပါတယ်။  နိုဝင်ဘာ ၁၇ ရက် ညပိုင်းမှာတော့ လေတိုက်နှုန်း ၁ နာရီ မိုင် ၅၀ လျော့ကျပြီး အပူပိုင်းမုန်တိုင်းအဖြစ် အားပျော့သွားပေမဲ့ မုန်တိုင်းအရှိန်နဲ့ဆက်ပြီး မိုးကြီးနေတယ်လို့ အမေရိကန် ဟာရီကိန်းစင်တာ (NHC) က ထုတ်ပြန်ပါတယ်။
5 months Ago
Up