ဟာရီကိန်းမုန်တိုင်းကြောင့် အမေရိကန် အရှေ့ဘက်ကမ်းခြေတလျှောက် လှိုင်းကြီးလေထန်

September 19, 2017

ဟာရီကိန်းမုန်တိုင်းကြောင့် အမေရိကန် အရှေ့ဘက်ကမ်းခြေတလျှောက် လှိုင်းကြီးလေထန်

ပြင်းအားအဆင့် ၁ ရှိတဲ့ ဟာရီကိန်းမုန်တိုင်း ဟိုဆေးကြောင့် အမေရိကန် အရှေ့ဘက်ကမ်းခြေတလျှောက်မှာ လှိုင်းကြီးလေထန်နေပါတယ်။ အဲဒီမုန်တိုင်းဟာ ဟတ်တာရက်စ်အငူ အရှေ့တောင်ပိုင်း ၂၆၅ မိုင်အကွာမှာ ဖြစ်ပေါ်နေတာပါ။ ဟာရီကိန်း ဗဟိုချက်ဟာ နောက်သုံးလေးရက်အထိ အရှေ့ဘက်ကမ်းရိုးတန်းအလွန်မှာ ဆက်လက်တည်ရှိနေမယ်လို့ ခန့်မှန်းရပါတယ်။ မက်ဆာချူးဆက်ပြည်နယ် ဘန်းစတေဘယ်မြို့မှာတော့ မိုးရွာပြီး လေတိုက်နှုန်း တနာရီ မိုင် ၅၀ ရှိမယ်လို့ ခန့်မှန်းထားတာကြောင့် ဆိပ်ကမ်းရှိလှေတွေ ထွက်ခွာခြင်း မပြုပါဘူး။ ဟာရိကိန်း ဟိုဆေးဟာ လေတိုက်နှုန်း တနာရီ ၇၅  မိုင်နှုန်း တိုက်ခတ်နေပြီး အတ္တလန္တိတ် သမုဒ္ဒရာအတွင်း နှေးကွေးစွာ ရွေ့လျားနေပါတယ်။ အဲဒီမုန်တိုင်းဟာ ပင်လယ်ဆီ ပြန်လည်မထွက်ခွာခင် နယူးအင်္ဂလန်ဒေသကို ဝင်ရောက်မယ်လို့ ခန့်မှန်းကြောင်း ရိုက်တာသတင်းမှာ ဖော်ပြထားပါတယ်။
4 years Ago
Up