ဟာရီကိန်းမုန်တိုင်း

October 8, 2016

တနာရီ ၁၂၀ မိုင်နှုန်းနှင့် ဖလော်ရီဒါ ပြည်နယ်သို့ ဟာရီကိန်းမုန်တိုင်း တိုက်ခတ်(ရုပ်သံ)

ဟာရီကိန်းမုန်တိုင်း မက်သယူးဟာ အမေရိကန်နိုင်ငံ ဖလော်ရီဒါ ပြည်နယ်ကို သောကြာနေ့က ဖြတ်သန်း တိုက်ခတ်ခဲ့ပါတယ်။ လေတိုက်နှုန်း တနာရီ မိုင် ၁၂၀ နဲ့ တိုက်ခတ်နေပြီး အတ္တလန္တိတ် ကမ်းရိုးတန်း တလျှောက် မြောက်ပိုင်းကို ဆက်ပြီး ရွေ့လျားနေတာပါ။ လေရော မိုးပါ သည်းထန်နေတာပါ။ ဒီသီတင်းပတ် အစောပိုင်းက ဟေတီနိုင်ငံကို ဖြတ်သန်း တိုက်ခတ်ခဲ့လို့ သောကြာနေ့မှာ သေဆုံးသူ အရေအတွက် အနည်းဆုံး ၈၄၅ ယောက် ထိမြင့်တက် ခဲ့ပါတယ်။ ထောင်သောင်းချီတဲ့ လူတွေ အိုးအိမ်မဲ့ ဖြစ်ခဲ့ရတာပါ။ အမေရိကန်ရဲ့ အာကာသယာဉ် လွှတ်တင်ရေးစခန်းရှိရာ ကိပ်ကာနာဗေရယ်မှာလည်း မုန်တိုင်းကြောင့် လျှပ်စစ် ဓာတ်အားလိုင်းတွေ သစ်ပင်တွေ ကြော်ငြာဆိုင်းဘုတ်တွေ မြေခ ခဲ့ပါတယ်။ အိုးအိမ်ပိုင်ဆိုင်မှုတွေကိုတော့ နည်းနည်းပဲ ထိခိုက်ခဲ့တာပါ။ မုန်တိုင်းဟာ ၁၁၈ နှစ်အတွင်း ဖလော်ရီဒါပြည်နယ်ကို တိုက်ခတ်တဲ့ အားအပြင်းဆုံး မုန်တိုင်းလို့ အမေရိကန် အမျိုးသား မိုးလေဝသ ဌာနက ပြောပါတယ်။
6 years Ago
Up