ဟာရီကန်းဂျော်တာ

November 19, 2020

ဟာရီကန်းဂျော်တာကြောင့် ဟွန်ဒူးရပ်စ်တွင် ၂ ဒါဇင်ကျော် သေဆုံး

ဟာရီကိန်း ဂျော်တာကြောင့်  ဗဟိုအမေရိကဒေသ ဟွန်ဒူးရပ်စ်နိုင်ငံမှာ နိုဝင်ဘာ ၁၈ ရက် အထိ သေဆုံးသူ နှစ်ဒါဇင်ကျော်တယ်လို့ အာဏာပိုင်တွေက အတည်ပြုပြီး သေဆုံးသူအရေ အတွက် တိုးလာနိုင်တယ်မျှော်လင့်ရပါတယ်။  ကယ်ဆယ်ရေးဝန်ထမ်းတွေက သီးခြားဖြစ်နေတဲ့ ဒေသတွေကို သွားရောက်ပြီး အပျက်အစီး တွေကို မှတ်တမ်းတင်ခဲ့ပါတယ်။ လာလီမာဒေသမှာ ရေကြီးပြီးအဆက်အသွယ် ပြတ်တောက်နေတဲ့ အိမ်ထောင်စုတွေကို  ကြက်ခြေနီဝန်ထမ်းတွေ  သွားရောက်ကယ်ဆယ်ခဲ့ပါတယ်။  နိုင်ငံအနောက်ပိုင်း အော်တိုတီပက်ကီ ဒေသမှတေ့ာ မြေပြိုမှုဖြစ်ပြီးနောက် ကလေး ၃ ယောက်အပါအဝင် မိသားစုဝင် ၅ ယောက် မြေကြီးအောက် ပိတ်မိသေဆုံးခဲ့တယ်လို့ ရဲတပ်ဖွဲ့က ဆိုပဒါ့အပြင် ဟွန်ဒူးရပ်စ်နိုင်ငံသား ၇၀,၀၀၀ ခန့်  ဘေးလွတ်ရာ ပြောင်းခဲ့ရပါတယ်။   ဟာရီကိန်းဂျော်တာ အားပျော့သွားပေမဲ့လည်း မုန်တိုင်းအကြွင်းအကျန်တွေကြောင့်  နိုဝင်ဘာ ၁၉ ရက်အထိ ရေကြီးမြေပြိုတာတွေ ထပ်ဖြစ်နိုင်တယ်လို့ အမေရိကန်အမျိုးသား ဟာရီကိန်းစင်တာ (NHC) က ပြောကြားပါတယ်။ 
5 months Ago
Up