ဟာမီလ်တန်

November 23, 2018

ရွှေရောင် ကားမောင်းဦးထုတ် ၀တ်ဆင်မောင်းနှင်မည့် ဟာမီလ်တန်

ဖော်မြူလာဝမ်းပြိုင်ပွဲရဲ့ နောက်ဆုံးအပိတ် ပွဲစဉ်ဖြစ်တဲ့ အဘူဒါဘီပွဲမှာ ချန်ပီယံဆုရယူမယ့် ဟာမီလ်တန်အနေနဲ့ အထူးထုတ်လုပ်ထားတဲ့ ရွှေရောင် ကားမောင်းဦးထုပ်ကို ဝတ်ဆင်မောင်းနှင်သွားမယ်လို့ သိရပါတယ်။ ဟာမီလ်တန်ဟာ အဘူဒါဘီပြိုင်ပွဲအပြီးမှာ သူ့ရဲ့ ငါးကြိမ်မြောက် ကမ္ဘာ့ချန်ပီယံဘွဲ့ကို ယူမှာ ဖြစ်ပြီး သူ့ရဲ့ထုံးစံအတိုင်း ဖက်ရှင် အသားပေးပုံစံနဲ့ ဒီဦးထုပ်ကို ဝတ်ဆင်မှာ ဖြစ်ပါတယ်။ ဟာမီလ်တန်ဟာ ကမ္ဘာ့ချန်ပီယံဘွဲ့ကို မိုက်ကယ်ရှူးမေကာပြီးရင် အများဆုံးဆွတ်ခူးထားသူ ဖြစ်လာပြီး ဗြိတိန်ရဲ့ အောင်မြင်တဲ့ ကစားသမားအဖြစ် သတ်မှတ်ခံထားရပါတယ်။ သူ့အနေနဲ့ အသက် ၃၃ နှစ်အရွယ်သာ ရှိသေးတာကြောင့် ဂျာမနီ ကားမောင်းသမား မိုက်ကယ်ရှူးမေကာရဲ့အောင်မြင်မှုကို ကျော်လွန်နိုင်မယ်လို့ သုံးသပ်နေကြပါတယ်။
2 years Ago

March 26, 2018

ဖော်မြူလာဝမ်း ကားမောင်းပြိုင်ပွဲတွင် ဗက်တဲလ်က ၃ ကြိမ်မြောက် ချန်ပီယံဆု ရယူ

မနေ့ကယှဉ်ပြိုင်ခဲ့တဲ့ သြစတြေးလျ ဂရင်းပရီ ဖော်မြူလာဝမ်း ကားမောင်းပြိုင်ပွဲမှာ ဖာရီယာအသင်းမှ ဗက်တဲလ်က ဟာမီလ်တန်ကို ကျော်ဖြတ်ပြီး ၃ ကြိမ်မြောက် ချန်ပီယံဆု ရယူသွားပါတယ်။ ဒီပြိုင်ပွဲရဲ့ နောက်ဆုံးအဆင့်မှာ ဖာရီယာ၊ မာစီးဒီး၊ ရက်ဒ်ဘူး၊ ရီနက်သ် စတဲ့အသင်းတွေက ကားမောင်းသမား ၂၀ ဦး ဝင်ပြိုင်ခဲ့တာဖြစ်ပြီး ဖာရီယာအသင်းမှ ဗက်တဲလ်က ပထမနေရာကနေ ပန်းဝင်နိုင်ခဲ့တာပါ။ လူးဝစ်ဟာမီလ်တန်အနေနဲ့ အစပိုင်းမှာ ကောင်းမွန်တဲ့ပုံစံနဲ့ ထိန်းချုပ်မောင်းနှင်နိုင်ခဲ့ပေမယ့် မိမိက ကံကောင်းခဲ့ပြီး အခွင့်အရေးကို အရယူနိုင်ခဲ့တာကြောင့် အခုလို အနိုင်ရခဲ့တာဖြစ်တယ်လို့ ဂျာမန်ကစားသမား ဗက်တဲလ်က ပြောပါတယ်။ ဒီပွဲမှာ ဖာရီယာအသင်းက နောက်ထပ်ကားမောင်းသမားတဦးဖြစ်တဲ့ ဖင်လန်ကရိတ်ကွန်နမ်က တတိယနေရာကနေ ပန်းဝင်ခဲ့ပါတယ်။ သြးစတြေးလျ ဂရင်းပရီမှာ ချန်ပီယံဆုရခဲ့တာဟာ ဗက်တဲလ်အတွက် ၃ ကြိမ်မြောက် သြစတြေးလျ ဂရင်းပရီချန်ပီယံဆုဖြစ်ပြီး သြစတြေးလျအိုးပင်းမှာ တတိယမြောက် အအောင်မြင်ဆုံး ကစားသမားအဖြစ် မှတ်တမ်းဝင်ခဲ့ပါတယ်။
3 years Ago
Up