ဟာမင်းမုန်တိုင်း

A d v e r t i s e m e n t With Us

September 5, 2016

အမေရိကန်တွင် ဟာမင်းမုန်တိုင်း အင်အားပြန်ကောင်းပြီး လှိုင်းလေပြင်းနိုင်ဟု သတိပေး

အမေရိကန် အရှေ့ဘက်ကမ်းရိုးတန်းတလျှောက် ဖြတ်သန်းတိုက်ခတ်နေတဲ့ ဟာမင်းမုန်တိုင်းဟာ စက်တင်ဘာ ၄ ရက်နေ့က အင်အားပြန်ကောင်းလာပြီး နိုင်ငံအရှေ့မြောက်ဘက် ကမ်းရိုးတန်းတွေမှာ လေပြင်းလှိုင်းပြင်းတွေ ရိုက်ခတ်မယ်လို့ အာဏာပိုင်တွေက သတိပေးထားပါတယ်။ ဖလော်ရီဒါပြည်နယ်ကနေ မြောက်ဘက်ကို ရွေ့လျားခဲ့ချိန်မှာ အင်အားကျခဲ့ပေမယ့် အခုတော့ ဟာရီကိန်းမုန်တိုင်းအဆင့် ၁ အင်အားလောက် တိုက်ခတ်မယ်လို့ ခန့်မှန်းထားပါတယ်။ နိုင်ငံအရှေ့တောင်ပိုင်းမှာ တိုက်ခတ်ခဲ့တုန်းကတော့ လူ ၂ ဦး သေဆုံးခဲ့ပါတယ်။ နိုင်ငံအရှေ့ဘက်ကမ်းရိုးတန်း ပြည်နယ်တွေက မုန်တိုင်းအရေးပေါ် အစီအစဉ်တွေ ကြေညာထားကြပြီး အမေရိကန် အလုပ်သမားနေ့ အခမ်းအနားတွေကိုလည်း ဖျက်သိမ်းခဲ့ရပါတယ်။ မုန်တိုင်းဟာ အရှေ့ဘက်ကမ်းလွန်မှာပဲ ဗဟိုပြုနေနိုင်တဲ့အတွက် လာမယ့်ရက်တွေအတွင်း ကမ်းရိုးတန်းတွေမှာ ပင်လယ်ရေလှိုင်းလုံးတွေ ရိုက်ခတ်နိုင်တယ်၊ ဗာဂျီးရီးယားပြည်နယ်ကနေ လောင်းအိုင်လန် (Long Island) အထိ မိုးရေချိန် ၇ လက်မလောက်ရောက်အောင် ရွာသွန်းနိုင်တယ်လို့ မိုးလေ၀သ အာဏာပိုင်တွေက ခန့်မှန်းထားကြပါတယ်။
4 years Ago
Up