ဟာဇက်

December 28, 2021

ဟာဇက်နှင့် ဂါရတ်ဘေးလ်အပါအဝင် နာမည်ကြီး ၆ ဦးကို ရီးရဲလ်အသင်း ရောင်းချမည်

စပိန်ကလပ် ရီးရဲလ်မက်ဒရစ်အသင်းဟာ ဟာဇက်နဲ့ ဂါရတ်ဘေးလ်အပါအဝင် နာမည်ကြီး ကစားသမား ၆ ယောက်ကို ရောင်းချတော့မယ်လို့ သိရပါတယ်။ 

စပိန်သတင်းစာ မာကာရဲ့ဖော်ပြချက်အရ မက်ဒရစ်ကလပ်ဟာ ဟာဇက်နဲ့ ဂါရတ်ဘေးလ်အပြင် အစ္စကိုကိုလည်း ရောင်းချဖို့ ဆုံးဖြတ်ထားပြီး ဇန်နဝါရီ အပြောင်းအရွှေ့မှာ ဖြစ်လာနိုင်တယ်လို့ သိရပါတယ်။ 

ဒါ့အပြင် မာရီယာနိုဒီယက်ဇ်၊ လူကာဂျိုဗစ်နဲ့ မာဆယ်လို တို့ကိုလည်း ဇန်နဝါရီအပြောင်းအရွှေ့မှာပဲ ရောင်းထုတ်ဖို့ ဆုံးဖြတ်ထားတယ်လို့ ဆိုပါတယ်။ 

ဂါရတ်ဘေးလ်ဟာ အခုနှစ်ရာသီမှာ ၃ ပွဲသာကစားခွင့်ရခဲ့ပြီး ဟာဇက်ဟာလည်း ခြေစွမ်းပြသနိုင်ဖို့ ရုန်းကန်နေရဆဲဖြစ်ပါတယ်။ 

ဘေးလ်ရဲ့စာချုပ်သက်တမ်းက ရာသီအကုန်မှာကုန်ဆုံးမှာဖြစ်လို့ ဦးစားပေးအနေနဲ့ ရောင်းချဖို့ ဆုံးဖြတ်ထားပါတယ်။ 

ရီးရဲလ်အသင်းဟာ အဲဒီကစားသမားတွေကို ရောင်းချအပြီးမှာ ပီအက်စ်ဂျီတိုက်စစ်မှူးအမ်ဘာပေ၊ ဒေါ့မွန်တိုက်စစ်မှူး ဟာလန်း အစရှိတဲ့ ကြယ်ပွင့်ကစားသမားတွေကို ခေါ်ယူဖို့ စီစဉ်ထားတယ်လို့ သိရပါတယ်။

4 weeks Ago

October 29, 2021

ရီးရဲလ်တွင် အဆင်မပြေဖြစ်နေသည့် ဟာဇက်ကိုခေါ်ယူရန် ချဲလ်ဆီးနှင့် နယူးကာဆယ်ကြိုးပမ်း

ချဲလ်ဆီးနဲ့ နယူးကာဆယ်အသင်းတို့ဟာ ရီးရဲလ်မက်ဒရစ်အသင်းမှာ အဆင်မပြေဖြစ်နေတဲ့ ဟာဇက်ကို ခေါ်ယူဖို့ အပြိုင်ကြိုးပမ်းမယ်လို့ သိရပါတယ်။ 

ဟာဇက်ဟာ နည်းပြအန်စလော့တီနဲ့ အဆင်မပြေဖြစ်နေပြီး ဟာဇက်အစား တခြားကစားသမားကို အသုံးပြုရတာ ပိုမိုနှစ်သက်ကြောင်း နည်းပြ အန်စလော့တီကပြောထားပါတယ်။ 

အသက် ၃ဝ အရွယ် ဟာဇက်ဟာ ၂၀၁၉ ခုနှစ်က ချဲလ်ဆီးကနေ ပြောင်းရွှေ့လာပြီးနောက် လာလီဂါ ၅၂ ပွဲမှာ ၅ ဂိုးသာ သွင်းယူနိုင်ခဲ့ပါတယ်။ 

ရီးရဲလ်အသင်းအနေနဲ့ လာမယ့်နွေရာသီမှာ အမ်ဘာပေနဲ့ ဟာလန်းတို့ကို ခေါ်ယူဖို့ ကြိုးပမ်းမှာဖြစ်လို့ ဟာဇက်ကိုရောင်းချပြီး ငွေရှာနိုင်ဖို့ စီစဉ်ထားတာပါ။ 

ဒီအခြေအနေကို အသင်းဟောင်း ချဲလ်ဆီးနဲ့ နယူးကာဆယ်အသင်းတို့က စောင့်ကြည့်နေပြီး လာမယ့်ဇန်နဝါရီအပြောင်းအရွှေ့မှာ ကမ်းလှမ်းဖို့ရှိပါတယ်။ ရီးရဲလ်ဘက်ကတော့  ဟာဇက်အတွက် ပေါင် ၄၂ သန်းရပါက ရောင်းချသွားမယ်လို့ သိရပါတယ်။ 

3 months Ago
More News
Up