တိုက်စစ်မှူး ဟာဇက် ဝတ်ဆင်ခဲ့တဲ့ ကျောနံပါတ် ၁၀ ကို ပြောင်းလဲဝတ်ဆင်မယ်လို့ ချဲလ်ဆီးကွင်းလယ်လူ ဝီလီယံက အတည်ပြုလိုက်ပါတယ်။
ချဲလ်ဆီးအသင်းမှာ ကျောနံပါတ် ၁၀ ဝတ်ဆင်ခဲ့တဲ့ ဟာဇက်က ရီးရဲလ်မက်ဒရစ် အသင်းဆီကို ပေါင်သန်း ၁၅၀ ခန့်နဲ့ ပြောင်းရွှေ့ခဲ့တာကြောင့် ကျောနံပါတ် ၁၀ ဂျာစီ လစ်လပ်နေတာပါ။
လက်ရှိအချိန်မှာ အဲဒီ နံပါတ် ၁၀ ကို ပြောင်းလဲဝတ်ဆင်တော့မှာဖြစ်ပြီး ကလပ်အသင်းနဲ့လည်း ပြောဆိုခဲ့ပြီးဖြစ်တယ်လို့ ဝီလီယံက ဆိုပါတယ်။
ကျောနံပါတ် ၁၀ ဂျာစီ ဝတ်ဆင်ကစားရတာကို အမြဲတမ်း နှစ်သက်ပြီး ကလေးဘဝကတည်းက နံပါတ် ၁၀ ကိုပဲ ဝတ်ဆင်ခဲ့တာဖြစ်သလို ကိုရင်သီယန် အသင်းမှာတုန်းကလည်း နံပါတ် ၁၀ ပဲ ဝတ်ဆင်ခဲ့တယ်လို့ ဝီလီယံက ပြောပါတယ်။
အသက် ၃၀ ရှိ ဘရာဇီးကွင်းလယ်လူ ဝီလီယံဟာ ပြီးခဲ့တဲ့ ကိုပါအမေရိကဖလားပြိုင်ပွဲမှာ နေမာ ဒဏ်ရာရသွားတာကြောင့် ကျောနံပါတ် ၁၀ ဝတ်ဆင်ကစားခွင့် ရခဲ့ပါတယ်။
4 years Ago