ဟာဆဲဂါဝါ

June 30, 2018

မြန်မာ့စပါးအုံးမြွေက စိန်ခေါ်သူ ဂျပန်နိုင်ငံသားကို အလဲထိုးအနိုင်ယူ (ရုပ်သံ)

မြန်မာကိုယ်စားပြု ယှဉ်ပြိုင်တဲ့ MMA မစ်ဒယ်ဝိတ်တန်း ချန်ပီယံ မြန်မာ့စပါးအုံးမြွေ အောင်လ အန်ဆန်ဟာ စိန်ခေါ်သူ ဂျပန်နိုင်ငံသား ဟာဆဲဂါဝါကို အလဲထိုးအနိုင်ယူပြီး ကမ္ဘာ့ချန်ပီယံဆုကို ကာကွယ်နိုင်ခဲ့ပါတယ်။ ရန်ကုန်မြို့ သုဝဏ္ဏအားကစားရုံ ၁ မှာ ယှဉ်ပြိုင်သွားတဲ့ ဒီပွဲမှာ အောင်လအန်ဆန်က ၅ ချီမြောက်မှာ အနိုင်ရခဲ့တာပါ။ ဂျပန်နိုင်ငံသား ဟာဆဲဂါဝါဟာ MMA ပြိုင်ပွဲကို ပထမဆုံးအကြိမ် ထိုးသတ်တာ ဖြစ်ပေမယ့် ပထမ ၂ ချီမှာ အကောင်းဆုံး ယှဉ်ပြိုင်နိုင်ခဲ့ပါတယ်။ နောက်ပိုင်း အချီတွေမှာ နှစ်ယောက်စလုံး အထိနာခဲ့သလို ခြေကုန်လက်ပမ်းကျ ဖြစ်ခဲ့ပါတယ်။ အောင်လရဲ့ ပူးဝင် ချုပ်တာတွေကို ဂျပန်လက်ဝှေ့သမား ရှောင်တိမ်းနိုင်ခဲ့ပါတယ်။ ပရိသတ်တွေရဲ့ အားပေးမှုနဲ့အတူ ၅ ချီမြောက် ပြီးကာနီးမှာ အောင်လအန်ဆန်က ပင့်လက်သီးနဲ့ ပွဲသိမ်းပြီး အနိုင်ယူခဲ့ပါတယ်။ အဲဒီနောက် ဂျပန်နိုင်ငံသားကို အထမ်းစမ်နဲ့ သယ်ထုတ်ခဲ့ရပါတယ်။ မြန်မာ့စပါးကြီးမြွေ အောင်လအန်ဆန်အတွက်တော့ အခုပွဲစဉ်ဟာ ပထမဆုံး MMA မစ်ဒယ်ဝိတ်တန်း ကမ္ဘာ့ချန်ပီယံကို ကာကွယ်တဲ့ ပွဲလည်းဖြစ်ပါတယ်။ ရုပ်သံ - ONE Championship
3 years Ago
Up