ဟင်္သာတ တက္ကသိုလ်အနောက် ချစ်သူလမ်းကြားတွင် လူသေအလောင်းတွေ့ရှိ

A d v e r t i s e m e n t With Us

March 3, 2016

ဟင်္သာတ တက္ကသိုလ်အနောက် ချစ်သူလမ်းကြားတွင် လူသေအလောင်းတွေ့ရှိ

ဟင်္သာတ တက္ကသိုလ်အနောက်ဖက် ချစ်သူလမ်းကြားဘေး လယ်ကွက်ထဲမှာ လူသေ အလောင်းတလောင်း ဒီနေ့ မနက်ပိုင်းက တွေ့ရှိခဲ့ပါတယ်။ မတ်လ ၃ ရက်နေ့က ဟင်္သာတတက္ကသိုလ်အနီး ချစ်သူလမ်းကြားဘေးရှိ လယ်ကွက်ထဲမှာ ခွေးတကောင်တူးနေတာကို ပဲနုတ်သူတွေက တွေ့ရာကနေ အုပ်ချုပ်ရေးမှူးကို အကြောင်းကြားခဲ့တာ ဖြစ်ပါတယ်။ ဒီနောက်မှာတော့ အုပ်ချုပ်ရေးမှူး၊ ဟင်္သာတအမှတ် ၁ မြို့မ ရဲစခန်းမှတာဝန်ရှိသူတွေ၊ မြို့နယ်ခရိုင်ရဲတပ်ဖွဲ့ဝင်တွေ၊ ဟင်္သာတပြည်သူ့ဆေးရုံ တာဝန်ရှိသူ လက်ထောက်ဆရာဝန်၊ မြို့နယ်တရားသူကြီးနဲ့ နာရေးကူညီမှု အသင်းသားတွေ သွားရောက် တူးဖော်ခဲ့ကြပါတယ်။ သေဆုံးသူ လူလတ်ပိုင်းအရွယ်ရှိ အမျိုးသားဟာ ပါးစပ်မှာ တိတ်ပတ်ထားကာ တင်ပါးဆုံနဲ့ ပေါင်မှာပဲအသားတွေပဲရှိပြီး ကျန်တဲ့အသားတွေ မရှိတော့တာကြောင့် ဒဏ်ရာကို ကြည့်မရတော့ဘူးလို့ ဒီဗွီဘီနယ်ခံသတင်းထောက်က ပြောပါတယ်။ ဟင်္သာတ အမှတ် ၁ မြို့မရဲစခန်းက သေဆုံးသူ ဘယ်သူဆိုတာကို ဆက်လက် စုံစမ်းစစ်ဆေးနေပါတယ်။ သတင်းဓာတ်ပုံ - ဟင်္သာတသား
5 years Ago
Up