ဟင်္သာတ​ခရိုင် ၄ မြို့နယ်တွင် လေပြင်းတိုက်​ခတ်၊ နေအိမ်​​အမြောက်အမြား ပျက်​စီး

April 19, 2018

ဟင်္သာတ​ခရိုင် ၄ မြို့နယ်တွင် လေပြင်းတိုက်​ခတ်၊ နေအိမ်​​အမြောက်အမြား ပျက်​စီး

  ဧရာဝတီတိုင်း ဟသာင်္တမြို့နယ်​၊ အင်္ဂပူမြို့နယ်​၊ မြန်​​အောင်​မြို့နယ်​​နဲ့ ​လေးမျက်​နှာမြို့နယ်​​တွေထဲက​ ကျေးရွာအချို့မှာ ဧပြီ ၁၈ ရက်​ ည​နေ ၃ နာခွဲလောက်က လေပြင်းတိုက်​ခတ်​ခဲ့လို့ ဘုန်းကြီးကျောင်း၊ စာသင်ကျောင်းနဲ့ လူနေအိမ်အချို့ ပျက်စီးခဲ့ရပါတယ်။ ဟသာင်္တမြို့နယ်​​ထဲက ပဲကြီးကျွန်း​ကျေးရွာအုပ်​စုက ​ကျေးအချို့ အင်္ဂပူမြို့နယ်​ထဲ စစ်​ကုန်း​ကျေးရွာအုပ်​စုက ​ကျေးရွာအချို့၊ မြန်​​အောင်​မြို့နယ်​​ထဲက မျှင်​ဝါး​တောင်​​ကျေးရွာအုပ်​စု ထဲက ​ကျေးရွာအချို့၊ ​လေးမျက်​နှာမြို့နယ်​ထဲ​ ကျေးရွာအချို့​ လေ​ဘေးသင့်ခဲ့ကြတာပါ။ မျှင်​ဝါး​တောင်​​ကျေးရွာအုပ်​ချုပ်​​ရေးမှူး ဦးမြဦးက​ "မျှင်​ဝါး​တောင်​ရယ်၊ ​​ညောင်​ခုံရယ်​ နှစ်​ရွာ။ ​ညောင်​ခုံက အိမ်​ ၁၉ လုံး၊ မျှင်​ဝါး​တောင် ​၄ လုံး အမိုးလန်​တာ လန်​ပြိုတာပြိုပဲ။ ကာလတန်​ဖိုး​ငွေ က​တော့ ဘယ်​လို​တောင် ​တွက်​မယ်​ မသိဘူး။ တအိမ်​ကဆို အသစ်​ကြီး ခန့်​မှန်း​တော့ နှစ်​ရွာ​ပေါင်း သိန်း ၂၀၀ နီးပါး​တော့ ရှိမယ်​ထင်​တယ်။ ​အဲဒီစာရင်း​တွေကို​တော့ မြို့နယ်​ကို တင်​​ပေးထား ပါတယ်​" လို့ ​ပြောပါတယ်​။ ​လေးမျက်​နှာမြို့နယ်​ထဲက​တော့ ပန်​တင်​အုပ်​စုထဲက လည်​တန်​ငယ်​​ကျေးရွာမှာ​ လေ​ဘေးသင့်ခဲ့တာပါ။ အဲဒီကျေးရွာ​နေ ကိုဟန်​ဝင်းက​ "အိမ်​​ခြေ​ပေါင်း ၄၅ လုံး​ ကျော်​မယ်။ ​စာသင်​​ကျောင်း တ​ကျောင်းလည်း ပါသွားတယ်​။ ခန့်​မှန်း​တော့ စာသင်​​ကျောင်းအပါ ၅၅ သိန်းဖိုးလောက် ​ဆုံးရှုံးမယ်​လို့ ထင်​ပါတယ်​။ သူများ​မြို့နယ်​​တွေလို ထိုက်​သင့်တဲ့ ကူညီမှုတွေ​တော့ လိုချင်​ပါတယ်​။ အများကြီးလည်း မ​မျှော်​လင့်​ထားပါဘူး” လို့ ​ပြောပါတယ်​။ အင်္ဂပူမြို့နယ်​ထဲက​ စစ်​ကုန်း၊ သဓမ္မကျွန်းတို့မှာ ​လေ​ဘေးသင့်ခဲ့ပြီး စစ်​ကုန်း​ကျေးရွာ အုပ်​ချုပ်​​ရေးမှူး ဦးသန်းဦးက​ "ကျ​နော်​တို့ဆီက များတယ်​အကို။ စာသင်​​ကျောင်း သုံး​ကျောင်း တ​ကျောင်းက​နေလို့​တောင် ​မရနိုင်​​အောင် ​ယိုင်​သွားတယ်​။ အိမ်​​ခြေကလည်း ၂၅၀ ​ကျော်​မယ်​။ ဘုန်းကြီး​ကျောင်း ဆောက်​လက်​စကလည်း အားလုံးနီးပါး ပျက်​သွားတာ​။ ပြီးတော့ ဒီဘက်​က ​လေကာ​တွေ မရှိဘူး။ ​လေ​မြေနုကျွန်း​ပေါ်မှာ ​နေထိုင်​​နေရတာဆို​တော့ ပိုအထိနာတယ်​။ ​လေ​ဘေးသင့်တဲ့ သူ​တွေ အိမ်​​ထောင်​စု​တွေကို​တော့ ​နေလိုရတဲ့ အုပ်​စုတွင်းက စာသင်​​ကျောင်း နှစ်​ခုမှာ ခွဲပြီး​နေရာချထားတယ်။  ခန့်​မှန်းဆုံးရှုံးမှု ဘယ်​က စတွက်​ရမှန်း​တောင် ​မသိပါဘူးဗျာ"လို့ ​ပြောပါတယ်​။ အင်္ဂပူမြို့နယ်​အုပ်​ချုပ်​​ရေးမှူး ဦးရဲရင့်လှိုင်​က​ "ကျ​နော်​ကိုယ်​တိုင် ​ဌာနဆိုင်​ရာ​တွေနဲ့ ကွင်းဆင်းမယ်၊ ​ပူ​ပေါင်းပြီး ကူညီမယ်၊။ ခရိုင်​တိုင်း လူကယ်​ပြန်​ကို ခုဖြစ်​စဉ်​​တွေကိုလည်း အချိန်​နဲ့ တ​ပြေးညီ တင်ပြ​နေပါတယ်​။ ​လေ​ဘေးသင့် ပြည်​သူ​တွေကို အမြန်​ဆုံး ကူညီမှု​ပေးနိုင်​ဖို့ ဆပ်​စပ်​​ဆောင်​ရွက်​​နေပါတယ်​" လို့ ဒီဗွီဘီကို​ပြောပါတယ်​။ အခုနှစ်​အတွင်း ဟသာင်္တခရိုင်​အတွင်းမှာ ​လေ​ပြင်းတိုက်​ခတ်​တာတွေ ဆက်တိုက်​ဆိုသလို ဖြစ်​​ပေါ်​နေတာပါ။
3 years Ago
Up