ဟင်္သာတခရိုင်အတွင်း ဆည်များကျိုးပေါက်နိုင်သည့်သတင်း ကောလာဟလဖြစ်ဟု တာဝန်ရှိသူပြော

August 20, 2018

ဟင်္သာတခရိုင်အတွင်း ဆည်များကျိုးပေါက်နိုင်သည့်သတင်း ကောလာဟလဖြစ်ဟု တာဝန်ရှိသူပြော

ဧရာဝတီတိုင်းဒေသကြီး ဟင်္သာတခရိုင်မှာ မိုးအဆက်​မပြတ်​ရွာ​နေလို့ မြို့နယ်အချို့က ဆည်​​တွေ ကျိုး​ပေါက်​နိုင်​တယ်ဆိုတဲ့ သတင်းတွေ ထွက်ပေါ်နေတာဟာ ​​ကောလာဟလသာဖြစ်တယ်လို့ တာဝန်ရှိသူ ဆည်မြောင်း တာဝန်​ရှိသူက ပြောပါတယ်။ ဆည်​​တွေရဲ့​​ ရေ​လှောင်တမံ​တွေ ကျိုး​ပေါက်​နိုင်တယ်​ဆိုတဲ့​ ကောလာဟလသတင်း​တွေ မြန်​​အောင်​နဲ့ အင်္ဂပူမြို့နယ်​တွေအတွင်း ​ကျေးရွာ​တွေမှာ သတင်းထွက်​​ပေါ်​နေပြီး ပြည်သူတွေက စိုးရိမ်နေကြတာပါ။ ဧရာဝတီတိုင်း​ဒေသကြီးအတွင်း ဟသာင်္တခရိုင်​တွင်းမှာရှိတဲ့ အင်္ဂပူမြို့နယ်​မှာ နန်​ကသူနဲ့ ကညင်​ဆည်​​ ရေ​လောင်းတမံ၊ မြန်​​အောင်​မြို့နယ်​မှာ မမြဆည်​​ရေ​လောင်းတမံ၊ ကြံခင်းမြို့နယ်​မှာ​တော့ ကွန်း​ချောင်း​ရေ​လောင်​​တမံဆိုပြီး ဟသာင်္တခရိုင်​အတွင်းမှာ ဆည်​​ပေါင်း ​လေးခု ရှိ​နေတာပါ။ ဟသာင်္တခရိုင်​ ဆည်​​မြောင်းနဲ့ ​ရေအသုံးချမှု စီမံခန့်​ခွဲ​ရေးဦးစီးဌာနက ခရိုင်​ဦးစီးအရာရှိ ဦးသာယာက​ "သတင်းက လုံးဝအမှားပါ၊ လုံးဝမစိုးရိမ်​ရပါဘူး။ ခုလိုဆည်​​တွေ တာမံကျိုး​ပေါက်​နိုင်​တယ်​ဆိုတာ ​ကောလာဟလဖြစ်​ပါတယ်​။ ၇ ပိုင်းေ​ရကြီး​ရေလျှံမူတုန်းက​တောင်​ မစိုးရိမ်​ရပါဘူးလို့​ ပြောထားတာပါ။ ခုလို မိုးရွာ​နေ​ပေမယ့် မမြနဲ့ ကညင်​သာ​ ရေပိုလွှဲက ​ရေအနည်းသာ ​ကျော်​​နေတာပါ။ ဒါဖြစ်​ရိုးဖြစ်​စဉ်​တခုပါ၊ စိုးရိမ်​စရာလုံးဝမရှိပါဘူး။ စိုးရိမ်​ရရင်​လည်း ကျ​နော်​တို့ဌာနက ချက်​ချင်းသတင်းထုတ်​ပြန်​မှာပါ။ ပြည်​သူ​တွေ ​ကောလာဟလ​တွေကို မယုံကြည်​ပါနဲ့လို့ ​ပြောချင်​ပါတယ်​" လို့ ​ပြောပါတယ်​။ ကညင်​ဆည်​မှာ​ ရေပိုလွှဲကို ၁ ဒသမ ၉၀​ ပေ၊ နန်​ကသူမှာ သုည ဒသမ ​၄၀ ​ပေသာ​ ရေ​ကျော်​​နေတာပါ။ ဟသာင်္တခရိုင်​အတွင်းက နန်​ကသူ၊ ကညင်​၊ မမြ၊ ကွန်း​ချောင်း​ဆည်​​တွေဟာ​ မြေသားတာတမံ အမျိုးအစားဖြစ်​ပြီး ကညင်​ဆည်​က​တော့ တည်​​ဆောက်​​ရေးကာလပဲ ရှိ​နေ​သေးတာပါ။ ကညင်​နဲ့မမြဆည်​က​တော့ ဆည်​​ရေ​သောက်​စနစ်​အပြင်​ ​ရေအားလျှပ်​စစ်​ထုတ်​လုပ်​နိုင်​ဖို့ပါ ရည်​ရွယ်​တည်​​ဆောက်​လျက်​ ရှိ​နေပါတယ်​။ ကျန်​ နန်​ကသူ၊ ကွန်း​ချောင်းက​တော့ ဆည်​​ရေ​သောက်​စပါးသီးနှံတွေ စိုက်​ပျိုးဖို့ တည်​​ဆောက်​ထားတာပါ။ ဆည်​​​တွေက​တော့ အင်္ဂပူ၊ မြန်​​အောင်၊ ကြံခင်းမြို့နယ်​​တွေကို​ နွေးစပါးစိုက်​ပျိုးဖို့ ဆည်​​ရေ​ပေး​ဝေး​နေကြတာပါ။ သတင်း - သန်းထိုက်မြင့်
3 years Ago
Up