ဟယ်ရီဆင်ဖိုဒ့်

A d v e r t i s e m e n t With Us

December 12, 2019

ရာသီဥတုထိန်းချုပ်ရေး အမေရိကန်အစိုးရသတ္တိနည်းနေဟု မင်းသားကြီး ဟယ်ရီဆင်ဖို့ဒ်‌ဝေဖန်

အမေရိကန်အစိုးရဟာ ရာသီဥတုပြောင်းလဲမှုထိန်းချုပ်ရေးနဲ့ပတ်သက်လို့  သတ္တိနည်း တယ်လို့ အမေရိကန်ရုပ်ရှင်မင်းသား ဟယ်ရီဆင်ဖိုဒ့်က ဒီဇင်ဘာ ၁၀ ရက်မှာ ပြောလိုက်ပါတယ်။ စပိန်နိုင်ငံ မက်ဒရစ်မြို့မှာကျင်းပနေတဲ့ ကုလသမဂ္ဂဆိုင်ရာ ရာသီဥတုအရေးညီလာခံရဲ့ အမေရိကန်ရာသီဥတုဆိုင်ရာမဟာမိတ်အစီအစဉ်မှာ ဟယ်ရီဆင်ဖိုဒ့်က အခုလို ပြော လိုက်တာပါ။ အမေရိကန်ဖက်ဒရယ်အစိုးရဟာ ၂၀၁၇ခုနှစ်မှာ ပါရီရာသီဥတု သဘောတူညီချက်က နေ နုတ်ထွက်မယ်လို့ ခြိမ်းခြောက်ခဲ့တယ်။  ဒါ့ကြောင့်ပြည်သူတွေအနေနဲ့ ခေါင်းဆောင်သစ်တွေကို မရွေးချယ်ဘူးဆိုရင်တော့ အဲဒီလမ်းကြောင်းအတိုင်း ဆက်သွားလိမ့်မယ်လို့ ဖိုဒ့်က ပြောခဲ့ပါတယ်။ ဒါ့အပြင် ဖိုဒ့်က ကမ္ဘာ့ခေါင်းဆောင်တွေအနေနဲ့ လူငယ်တွေရဲ့အသံကို နားထောင်ဖို့ တိုက်တွန်းခဲ့ပြီး ကျနော်တို့ရဲ့ အတိတ်က လုပ်ရပ်တွေကြောင့် မျိုးဆက်သစ်တွေရဲ့ အနာဂတ်ဟာ တဖြည်းဖြည်း ယုတ်လျော့လာနေတယ်လို့ ဆက်ပြောခဲ့ပါတယ်။  အမေရိကန်ရာသီဥတုဆိုင်ရာမဟာမိတ်ဟာ အမေရိကန်နိုင်ငံတွင်း ပြည်နယ်များ ဆိုင်ရာ ညွန့်ပေါင်းအဖွဲ့ပါ။ သူတို့ဟာ ဖန်လုံအိမ်အာနိသင် လျှော့ချရင်း ၂၀၁၅ ပါရီရာသီဥတု သဘောတူညီချက်ပါ အချက်တွေကို ဆက်ပြီး လိုက်နာသွားဖို့ ကတိပြုထားပါတယ်။
1 year Ago
Up