ဟယ်ရီနှင့် မက်ဂန်တို့ အချစ်ဇာတ်လမ်း

April 6, 2018

ဟယ်ရီနှင့် မက်ဂန်တို့ အချစ်ဇာတ်လမ်းအကြောင်း ရိုက်ကူးထားသည့် ရုပ်ရှင်ဇာတ်ဝင်ခန်း (ရုပ်သံ)

ဗြိတိန်အိမ်ရှေ့မင်းသား ဟယ်ရီနဲ့ ချစ်သူမက်ဂန်တို့ရဲ့ အချစ်ဇာတ်လမ်းအကြောင်း ပုံဖော်ရိုက်ကူးထားတဲ့ “Harry & Meghan : A Royal Romance ဇာတ်ကားရဲ့ ထွေလာ ဇာတ်ဝင်ခန်းနှစ်ခန်းကို U.S. network က ဧပြီလ ၅ ရက်နေ့က ထုတ်ပြန်လိုက်ပါတယ်။ ဇာတ်ဝင်ခန်းတခန်းမှာ မင်းသားဟယ်ရီရဲ့ အတွေးအမြင်ကို ဖော်ပြထားပြီး နောက်ထပ် ဇာတ်ဝင်ခန်းတခန်းမှာတော့ မက်ဂန်မာကယ်ရဲ့ သဘောထားကို ဖော်ပြထားပါတယ်။ သူငယ်ချင်းတွေကြောင့် တွေ့ဆုံခဲ့ကြတဲ့ သူတို့နှစ်ယောက်ရဲ့ အချစ်ဇာတ်လမ်း၊ မီဒီယာတွေအားလုံးက စိတ်ဝင်စားနေတဲ့ သူတို့နှစ်ဦးရဲ့ ဆက်ဆံရေးနဲ့ မက်ဂန်ရဲ့ အမေရိကန် မင်းသမီးတယောက် ဘ၀အကြောင်းတွေကို ဖော်ကျူးထားတဲ့ တော်ဝင်ချစ်ဇာတ်လမ်း ဇာတ်ကားကို Lifetime ရုပ်ရှင်ထုတ်လုပ်ရေးက ရိုက်ကူးထားပြီး မေ ၁၃ ရက်နေ့မှာ ရုံတင်ပြသသွားမှာပါ။ အခုဇာတ်ကားမှာ မင်းသား ဟယ်ရီအဖြစ် မာရေးဖရေဆာ နဲ့ မက်ဂန်မာကယ်အဖြစ် ပရေဆာဖစ်ဇ်ဟန်လေတို့က ပါဝင် သရုပ်ဆောင်ထားကြပါတယ်။
3 years Ago
Up