ဟယ်ရီပေါ်တာ ဇာတ်လမ်းအတိုင်း ကောင်းကင်ပေါ် သရုပ်ဖော်စွန့်စားပြသ (ရုပ်သံ)

May 8, 2016

ဟယ်ရီပေါ်တာ ဇာတ်လမ်းအတိုင်း ကောင်းကင်ပေါ် သရုပ်ဖော်စွန့်စားပြသ (ရုပ်သံ)

နာမည်ကျော်ဟယ်ရီပေါ်တာဇာတ်လမ်းရဲ့ အမာခံပရိတ်သတ်တွေဖြစ်တဲ့ စွန့်စား ကောင်းကင်အမြင့်ခုန်သမားအုပ်စုတစုဟာ ဇာတ်လမ်းထဲကအတိုင်း ကောင်းကင်သရုပ် ဖော်စွန့်စားပြသမှုတခုကို ပြသခဲ့ကြတယ်လို့ မေရာသတင်းမှာ မေလ ၇ ရက်နေ့က ဖော် ပြပါတယ်။ သူတို့အုပ်စုဟာ ဟယ်ရီပေါ်တာဇာတ်လမ်းတွဲထဲကအတိုင်း တံမျက်စည်းပျံပုံစံနဲ့ အတူ ကိရိယာအစုံအလင်နဲ့ မြေပြင်မှ အမြင့်ပေ ၁၄၀၀၀ ရှိ လေယာဉ်ပေါ်ကနေ အမြင့်ခုန်စွမ်းရည် ပြသခဲ့ကြတာပါ။ ဒါဟာ ဟယ်ရီပေါ်တာဇာတ်လမ်းတွဲထဲက စကြ၀ဠာတွင်းမှတိုက်ခိုက်မှုအဖြစ် ဇာတ်လမ်းဇာတ်ကွက်တခုအနေနဲ့ပါဝင်ကာ တံမျက်စည်းပျံတွေနဲ့ လူ ၇ ဦးပါအုပ်စုအ နေနဲ့ သရုပ်ဖော်ပြသခဲ့ကြတာကို ရုပ်သံဗွီဒီယိုဖိုင်ထဲမှာ တွေ့နိုင်ပါတယ်။ အသက်ရှူမှားလောက်အောင် စွန့်စားလေထီးခုန်ပြသမှုဖြစ်တဲ့ ဒီသရုပ်ဖော်ပြ ကွက်ဟာ ကိုလံဘီယာနိုင်ငံ ဆက်သွယ်ရေးကုမ္ပဏီ အီးတီဘီရဲ့ စတန့်ထွင်ပြကွက်တွေ ထဲမှ အစိတ်အပိုင်းတခုအဖြစ် ပြသခဲ့တာလို့ သတင်းက ဆိုပါတယ်။
6 years Ago
Up