ဟယ်ရီကိန်း၏ ပင်နယ်တီသွင်းဂိုးဖြင့် စပါးက မစ်ဒယ်ဘရော့ကို အနိုင်ရ (ရုပ်သံ)

February 5, 2017

ဟယ်ရီကိန်း၏ ပင်နယ်တီသွင်းဂိုးဖြင့် စပါးက မစ်ဒယ်ဘရော့ကို အနိုင်ရ (ရုပ်သံ)

ဖေဖော်ဝါရီ ၄ ရက်နေ့က ပရီးမီးယားလိဂ်ပွဲစဉ်မှာပဲ တော့တင်ဟမ် ဟော့စပါးအသင်းက မစ်ဒယ်ဘရော့အသင်းကို ၁ ဂိုး ဂိုးမရှိနဲ့ ကပ်ပြီး အနိုင်ရသွားပါတယ်။ စပါးအတွက် တလုံးတည်းသော အနိုင်ဂိုးကို ၅၈ မိနစ်မှာ ပင်နယ်တီကနေတဆင့် တိုက်စစ်မှူး ဟယ်ရီကိန်းက သွင်းယူပါတယ်။ ဒီပွဲမှာ စပါးအသင်းကပဲ စိတ်ကြိုက် ထိန်းချုပ်ကစားသွားပြီး ထိုးဖောက်ကန်သွင်းခွင့် အကြိမ်ရေလည်း ပိုရခဲ့ပါတယ်။ စပါးအတွက်တော့ အိမ်ကွင်းမှာ ၇ ပွဲ ဆက်တိုက် အနိုင်ရတာ ဖြစ်ပါတယ်။ ဒီပွဲရဲ့ အကောင်းဆုံး ကစားသမားဆုကို စပါးကွင်းလယ်မှာ ခြေစွမ်းပြ ကစားနိုင်တဲ့ ၀မ်ရာမာက ရရှိသွားပါတယ်။ ဒီပွဲနိုင်လိုက်လို့ စပါးဟာ အမှတ် ၅၀ နဲ့ အဆင့် ၂ နေရာမှာ ရှိနေပြီး ဇယားထိပ်က ချဲလ်ဆီးနဲ့ ၉ မှတ်အကွာကို ရောက်ရှိသွားပါတယ်။ မယ်ဒယ်ဘရော့ကတော့ ၂၁ မှတ်နဲ့ အဆင့် ၁၅ မှာ ရပ်တည်နေပါတယ်။
5 years Ago
Up