ဟယ်ရီကိန်းသည် ကမ္ဘ့ာအဆင့် ထိပ်တန်းတိုက်စစ်မှူးဖြစ်ဟု စပါးစ်နည်းပြ ပြော

February 28, 2017

ဟယ်ရီကိန်းသည် ကမ္ဘ့ာအဆင့် ထိပ်တန်းတိုက်စစ်မှူးဖြစ်ဟု စပါးစ်နည်းပြ ပြော

တိုက်စစ်မှူး ဟယ်ရီကိန်းဟာ ကမ္ဘာ့အဆင့် ထိပ်တန်းတိုက်စစ်မှူးတယောက်ဖြစ်တယ်လို့ တော့တင်ဟမ်ဟော့စပါးစ် နည်းပြ ပိုချက်တီနိုက ပြောပါတယ်။ ဟယ်ရီကိန်းဟာ စတုတ်စီးတီးကို အနိုင်ရတဲ့ပွဲ ပထမပိုင်းမှာတင် ဟက်ထရစ်ဂိုး သွင်းယူနိုင်ခဲ့တာပါ။ သူက ကမ္ဘာပေါ်မှာရှိတဲ့ အကောင်းဆုံး တိုက်စစ်မှူးတွေထဲက တယောက်ဖြစ်ပြီး အဲဒီဂုဏ်ပုဒ်နဲ့ ထိုက်တန်သူ ဖြစ်တယ်လို့ နည်းပြက ပြောပါတယ်။ စတုတ်နဲ့ပွဲမှာသွင်းတဲ့ ဟက်ထရစ်ဂိုးဟာ ဟယ်ရီကိန်းအတွက် ၂၀၁၇ ထဲမှာ တတိယအကြိမ်မြောက် သွင်းယူနိုင်တာ ဖြစ်ပါတယ်။ အသက် ၂၃ နှစ်အရွယ် အင်္ဂလန်တိုက်စစ်မှူး ကိန်းရဲ့ ဂိုးဟာ စပါးစ်အသင်းအတွက် ပရီးမီးယားလိဂ်မှာ ၆၆ ဂိုးမြောက် သွင်းတဲ့ဂိုးလည်း ဖြစ်ပါတယ်။
4 years Ago
Up