ဒေါ့မွန်နောက်ခံလူ အသက် ၂၇ နှစ်အရွယ် ဟမ်းမဲလ်စ် (Hummels) ဟာ အသင်းဟောင်း ဘိုင်ယန်မြူးနစ်ကို ၅ နှစ်စာချုပ်နဲ့ တရားဝင်ရောက်ရှိသွားပြီ ဖြစ်ပါတယ်။
၂၀၀၈ ခုနှစ်မှာ သူ့ကို ဘိုင်ယန်မြူးနစ်က ဒေါ့မွန်ကို အငှားချခဲ့ပြီး ၂၀၀၉ မှာ ပေါင် ၄ သန်းနဲ့ ရောင်းခဲ့တာပါ။
ဟမ်းမဲလ်စ်ဟာ ၂၀၀၉ ကနေ ၂၀၁၆ အထိ ဒေါ့မွန်အတွက် ပွဲပေါင်း ၂၀၀ ကျော် ကစားပေးခဲ့ပြီး ၁၉ ဂိုးသွင်းပေးထားတဲ့ နောက်ခံအလယ်လူ ဖြစ်ပါတယ်။
သူဟာ ၂၀၁၀ မှာ ဂျာမနီလက်ရွေးစင်ဖြစ်လာခဲ့ပြီး နိုင်ငံအတွက် ပွဲပေါင်း ၄၀ ကျော်ကစား ၄ ဂိုး သွင်းပေးထားသူ ဖြစ်ပါတယ်။
သူ့ရဲ့ ဘိုင်ယန်ကို ပြောင်းရွှေ့ကြေးကိုတော့ နှစ်ဘက်လုံးက ထုတ်ပြောတာ မရှိပါဘူး။
5 years Ago