ဟမ်းဘတ် - ဘိုင်ယန်မြူးနစ်

January 23, 2016

ဟမ်းဘတ် ၁ - ၂ ဘိုင်ယန်မြူးနစ် (ရုပ်သံဟိုက်လိုက်)

ဆောင်းရာသီ အားလပ်ရက်အပြီးမှာ ပြန်လည် စတင်လိုက်တဲ့ ဂျာမန်ဘွန်ဒတ်စ်လီဂါ ပွဲစဉ်မှာ ဘိုင်ယန်မြူးနစ်က ဟမ်းဘတ်ကို ၂ ဂိုး ၁ ဂိုးနဲ့ အနိုင်ရ သွားပါတယ်။ ဘိုင်ယန်မြူးနစ်က အဝေးကွင်း ဖြစ်ပေမယ့်လည်း ဘောလုံးပိုင်ဆိုင်မှု ၇၀ ရာခိုင်နှုန်းအထိ ရယူနိုင်ခဲ့ပြီး ထိုးဖောက်ကန်သွင်းခွင့် အကြိမ်ရေ ၂၀ အထိ ရခဲ့ပါတယ်။ ဘိုင်ယန်အတွက် ဦးဆောင်ဂိုးကို ၃၇ မိနစ်မှာ တိုက်စစ်မှူး လီဝမ်းဒေါ့စကီးက သွင်းယူပါတယ်။ အိမ်ရှင် ဟမ်းဘတ်အတွက် ချေပဂိုးကို ၅၃ မိနစ်မှာ ဘိုင်ယန် ကွင်းလယ်သမား အလွန်ဆို ကိုယ့်ဂိုးကိုယ် သွင်းမိရာကနေ ရသွားတာပါ။ ဘိုင်ယန်အတွက် ဒုတိယဂိုးကို ၆၁ မိနစ်မှာ တိုက်စစ်မှူး လီဝမ်းဒေါ့စကီးကပဲ သွင်းယူပြီး အနိုင်ရ သွားပါတယ်။ ဒီပွဲနိုင်တဲ့ ဘိုင်ယန်မြူးနစ်က အမှတ်ပေးဇယားမှာ ၄၉ မှတ်နဲ့ ဦးဆောင်နေပြီး ဟမ်းဘတ်က ၂၂ မှတ်နဲ့ အဆင့် ၁၀ နေရာမှာ ရပ်တည်နေပါတယ်။
6 years Ago
Up