ဟနွိုင်းမြို့ခံ

July 30, 2020

ကိုဗစ်-၁၉ ကူးစက်မှု တတိယလှိုင်းအပေါ် ဟနွိုင်းမြို့ခံများ မစိုးရိမ်

ကိုဗစ်-၁၉ ရောဂါကူးစက်မှု တတိယလှိုင်းကို ဖြတ်သန်းနေပေမယ့် ဗီယက်နမ်နိုင်ငံ မြို့တော်ဟနွိုင်းက ဒေသခံတွေက သူတို့ အစိုးရကို ယုံကြည်လို့ အလွန်အကျွံ မစိုးရိမ်ဘူးလို့ ပြောနေကြပါတယ်။  ဒေသခံတွေဟာ သူတို့ကိုယ်သူတို့နဲ့ သူတို့ လူ့အဖွဲ့အစည်းကို ကာကွယ်ဖို့ လိုလိုလားလား လုပ်ဆောင်နေတယ်လို့လည်း ပြောကြပါတယ်။ ဗီယက်နမ်မှာ ဗိုင်းရပ်စ်ကူးစက်မှု တတိယလှိုင်း ရိုက်ခတ်နေချိန် ဒါနန်းမြို့ကို ခရီးထွက် ခဲ့တဲ့ လူတွေကို ခြေရာခံဖို့  ကျန်းမာရေးဝန်ထမ်းတွေက တအိမ်တက်ဆင်း ရပ်ကွက်ထဲ လှည့်လည် ဆေး စစ်နေပါတယ်။  ဒါနန်းမြို့ကို လာရောက်လည်ပတ်ထားတဲ့ ထောင်သောင်းချီတဲ့လူတွေ ဇူလိုင်လ ၃၀ ရက်မှာ ရောဂါထိန်းချုပ်ရေးဌာနကို လာရောက်သတင်းပို့ကြဖို့ အစိုးရက ပြည်သူတွေကို ပြောထားပါတယ်။ ၃ လလုံး ကူးစက်မှု မရှိအောင် ထိန်းချုပ်နိုင်ခဲ့တဲ့ ဗီယက်နမ်မှာ ပထမဆုံး ကူးစက်မှုအနေနဲ့ ကူးစက်ခံလူနာ ၉ ယောက်ကို အတည်ပြုအပြီးမှာ ထိန်းချုပ်ရေးလုပ်ဆောင်ချက်တွေကို တင်းတင်း ကြပ်ကြပ် ဆောင်ရွက် နေကြပါတယ်။ လူဦးရေ ၉၅ သန်းရှိတဲ့ဗီယက်နမ်မှာ ဇူလိုင် ၁ ရက်ကစပြီး ခုထိ ဒါနန်းကို သွား ရောက်ဖူးသူတိုင်း ဆေးစစ်ခံဖို့ ကျန်းမာရေးဝန်ကြီးဌာနက လက်ကိုင်ဖုန်းနံပါတ်တွေ အားလုံးကို စာတိုပေးပို့ တိုက်တွန်းထားပါတယ်။ ဗီယက်နမ်မှာ ကူးစက်ခံအတည်ပြုလူနာ စုစုပေါင်း ၄၅၉ယောက် ရှိပြီး သေဆုံးသူ တယောက်မှ မရှိပါဘူး။
1 year Ago
Up