ဟန်နီကန်ဘီယာ

June 16, 2021

သတင်းစာရှင်းလင်းပွဲ၌ ပြိုင်ပွဲစပွန်ဆာ ဟန်နီကန်ဘီယာကို ပေါ့ဘာ ဖယ်ရှား

ယူရို ၂၀၂၀ သတင်းစာရှင်းလင်းပွဲမှာ ပြင်သစ်ကွင်းလယ်လူ ပေါ့ဘာက ပြိုင်ပွဲစပွန်ဆာ ဟန်နီကန် ဘီယာပုလင်းကို ဖယ်ရှားပစ်ခဲ့ပါတယ်။

ဂျာမနီကို ၁ဂိုး ဂိုးမရှိနဲ့ အနိုင်ရခဲ့တဲ့ပွဲအပြီးမှာ အကောင်းဆုံးကစားသမားဆုရခဲ့တဲ့  ပေါ့ဘာက ပွဲပြီး သတင်းစာရှင်းလင်းပွဲကို တက်ရောက်ခဲ့တာပါ။

စားပွဲပေါ်မှာ ကိုကာကိုလာအချိုရည်၊ ရေဘူးနဲ့ ဟန်နီကန်ဘီယာတို့ရှိပြီး ဘီယာပုလင်းကို ပေါ့ဘာက ဖယ်ရှားပစ်ခဲ့တာဖြစ်ပါတယ်။

ပေါ့ဘာဟာ ၂၀၁၉ ခုနှစ်ကစတင်ပြီး အစ္စလာမ်ဘာသာဝင်ဖြစ်ခဲ့ ပြီး ဘာသာရေး ကိုင်းရိူင်းသူတစ်ဦးအဖြစ် လူသိများပါတယ်။

အလားတူ ပေါ်တူဂီ တိုက်စစ်မှူးရော်နယ်ဒိုဟာလည်း ယူရိုအဖွင့်ပွဲစဉ်အကြို သတင်းစာရှင်းလင်းပွဲမှာ  စားပွဲပေါ်က ကိုကာကိုလာဘူးကို ဖယ်ရှားခဲ့ပါသေးတယ်။ အဲဒီလို လုပ်ဆောင်ခဲ့တာကြောင့် ကိုကာကိုလာအချိုရည် ကုမ္ပဏီ အနေနဲ့ ဒေါ်လာဘီလီယံချီပြီး ရောင်းအားကျဆင်းခဲ့တယ်လို့ မီဒီယာတချို့ကဖော်ပြခဲ့ကြပါတယ်။

8 months Ago
Up