တရုတ်နိုင်ငံမှာ ဒီဇင်ဘာ ၃၀ ရက်က ကျင်းပခဲ့တဲ့ ၂၀၁၉ ခုနှစ် အိမ်ထောင်ရှင်မယ်စကြဝဠာအလှမယ်ပြိုင်ပွဲမှာ မြန်မာနိုင်ငံကိုယ်စားပြုအလှမယ် ဟန်နီက အလှမယ်သရဖူကို ဆွတ်ခူးရရှိခဲ့ပါတယ်။
၄၂ ကြိမ်မြောက်အဖြစ် ကျင်းပတဲ့ ဒီပြိုင်ပွဲကို ကမ္ဘာ့နိုင်ငံအသီးသီးမှ နိုင်ငံကိုယ်စားပြု အလှမယ်ပေါင်း ၉၀ ကျော် ပါဝင်ယှဉ်ပြိုင်ခဲ့ကြတာ ဖြစ်ပါတယ်။
Talent Competition မှာတော့ မြန်မာအလှမယ် ဟန်နီက မြန်မာအကနဲ့ ရုပ်သေး ကြိုးဆွဲကို ပေါင်းစပ်ပြီး သူ့ရဲ့ သမီးလေးနဲ့အတူ ကပြယှဉ်ပြိုင်ခဲ့တာ ဖြစ်ပါတယ်။
မြန်မာအလှမယ် ဟန်နီဟာ အသက် ၃၇ နှစ်အရွယ် သားသမီး ၃ ယောက်တို့ရဲ့ မိခင် တယောက်ဖြစ်ပြီး ဒီပွဲမှာ Winner ဆုအပြင် ပြိုင်ပွဲကြီးရဲ့ အကြိုပဏာမ Awards Ceremony အခမ်းအနားမှာလည်း Personality အကောင်းမွန်ဆုံးဆုနဲ့ Talent Winner ဆုနဲ့ Sponsor Visit က ချီးမြှင့်ခဲ့တဲ့ Four Seansons Beautiful Woman ဆုတွေကိုပါ ရရှိခဲ့တာ ဖြစ်ပါတယ်။
1 year Ago